Thursday, February 26, 2009

ဖေဖေ့အတွက်.......


ကျွန်တော့်ရဲ့ သူရဲကောင်းက အဖေပါ....
အမြဲတမ်း လှုပ်ရှား ကျန်းမာသူ....
ဘ၀ဒဿန အရိုးဆုံး တွေးမြင်သူ...
ကလေးတစ်ယောက်အတိုင်း အပြစ်ကင်းတဲ့ ကျွန်တော့် အဖေ.......

အားလုံး သွားရတဲ့ ဘ၀တစ်ဖက်က
ကျွန်တော့်ရဲ့ အမေရေ....လှမ်းကြည့်လှည့်ပါ...
လွမ်းဆွတ်တမ်းတ အဖေ့ရဲ့ မျက်ရည် တိတ်တဆိတ် ကျ...
အဖေ့အတွက် သားအမြဲ ကြေကွဲ.....

အဖေ ချမ်းမြေ့ပါစေ...ဆုတောင်းတဲ့ အမေ့အသံ
အထက် မိုးကောင်ကင်မှာ ပျံ့လွင့်....
အရှုံးမပေးနဲ့ အဖေရေ...ကျွန်တော် အဖေ့အတွက် ရှိမယ်..
ဘ၀လမ်းကြမ်း ပင်လယ်...အဖေနဲ့ ကျွန်တော် ဖြတ်မယ်...

အဆိုးများတွေ့သလို...အကောင်း တစ်လှည့် ရှိမယ်...
ပြဌာန်းချက် မရှိတဲ့ ဘ၀ ရင်ဆိုင်စို့

မမြဲတဲ့ ဘ၀တွေဟာ အမြဲတမ်း ရှိမှာ
အဖေနဲ့ ကျွန်တော့် အချိန်များ...ထာဝရ အမှတ်တရ

ကျွန်တော့်ရဲ့ သူရဲကောင်းက အဖေပါ....
အတွင်း စိတ်ရင်း သဘောထား နူးညံသူ.....
အဆိုးများတွေ့လဲ အကောင်းဖက် တွဲမြင်သူ...
ကလေးတစ်ယောက်အတိုင်း အပြစ်ကင်းတဲ့ ကျွန်တော့် အဖေ.......

အဖေ့.........ရေ ...ရေ............

အားလုံး သွားရတဲ့ ဘ၀တစ်ဖက်က
ကျွန်တော့်ရဲ့ အမေရေ....လှမ်းကြည့်လှည့်ပါ.....
လွမ်းဆွတ်တမ်းတ အမေ့အတွက် မျက်ရည် ..တိတ်တဆိတ် ကျ...
အဖေ့အတွက် သားအမြဲ ကြေကွဲ.....

အဖေ ချမ်းမြေ့ပါစေ......ဆုတောင်းတဲ့ အမေ့အသံ
အထက် မိုးကောင်ကင်မှာ ပျံ့လွင့်....

အရှုံးမပေးနဲ့ အဖေရေ... ကျွန်တော် အဖေ့အတွက် ရှိမယ်..
ဘ၀လမ်းကြမ်း ပင်လယ်... အဖေနဲ့ ကျွန်တော် ဖြတ်မယ်...

အဆိုးများတွေ့သလို... အကောင်း တစ်လှည့် ရှိမယ်...
ပြဌာန်းချက် မရှိတဲ့ ဘ၀ ခံယူစို့

မမြဲတဲ့ ဘ၀တွေဟာ အမြဲတမ်း ရှိမှာ
အဖေနဲ့ ကျွန်တော့်ဘ၀ အချိန်များ... ထာဝရ အမှတ်တရ

အဝေးကနေ လွမ်းဆွတ်တမ်းတရုံကလွဲလို့ ဘာမှ လုပ်မပေးနိုင်တဲ့ သမီးတစ်ယောက်အတွက် ၀ိုင်ဝိုင်းရဲ့ ကျွန်တော့်အဖေ သီချင်းလေး က ဖြေဆေးတစ်ခုရယ်ပါ...ထားရစ်ခဲ့သူ နဲ့ ကျန်ခဲ့ရသူ..ဘယ်သူက ပိုခံစားရသလဲ...ပြန်မလာနိုင်မှန်း သိပေမဲ့လဲ တမ်းတနေမိဆဲပါ...အဲလိုပဲ ဖေဖေလဲ ကြေကွဲနေဆဲပါ မေမေ...လွမ်းတယ် မေမေရယ်..ပြီးတော့ ဖေဖေ့ကို သနားတယ်...

အရိုး..နောက်ဆုံးမှာတော့


နောက်ဆုံးမှာတော့ ခြေသံတွေ နည်းနည်းများများ အိုးကိုခွဲ..

ကျန်ရစ်သူတို့ အယူဘာသာ နီးနီးဝေးဝေး ကြေးစည်နှက်

အရင် သွားသူနဲ့ နောင်သွားမဲ့သူ

လူတိုင်း ဒီလမ်း.....ဘယ်သူ ဘယ်လမ်း ရှိမလဲ

ဘာပြောနိုင်လဲ ဘယ်သူ ဘာတွေဖြစ်ဖြစ်

စကားဆက်ပြောရန်မရှိ ဆက်ကြားနိုင်လား

အချိန်မတိုင်ခင် အတင်းမေ့ထားတဲ့ တို့သေခြင်း...


လိုအုန်းမှာလား ခနလေးအတွင်းလား ဒီမနက်ဖြန်ရော ဘယ်သူ အာမခံမလဲ..

ဟေး....မင်းစိတ် မင်းရုပ် မင်းခန္ဒာက အခေါင်းတစ်ခုစာ

မင်း အတ္တနဲ့ မင်းနံမည်က မီးခိုးပြာ..........

ဘာငြင်းနိုင်မလဲ...


ငါတွေးပေမဲ့ “ငါ”တွေ တကယ်ရှိခဲ့ခြင်းက ဟုတ်ရဲ့လား..

သေမဲ့လူချင်း အခြေအနေတွေ အတင်းခွဲခြားလို့ ထူးရဲ့လား

ငါ မွေးခဲ့ခြင်း ငါ အသက်ရှိခြင်း ငါ ရုန်းကန်ခြင်း “ငါ”တွေရဲ့ သေခြင်”.......


ဟေး...ကောင်းတဲ့ စိတ်နဲ့ တံခါးတွေ ဖွင့်ပြီး ကြည့်လိုက်ပါ...ခဏလောက်ဖြစ်ဖြစ် အကောင်းတွေ ရှာဖို့ ရပ်လိုက်ပါ.......

Saturday, February 21, 2009

စိတ်ကူးပေါက်ရာ

ကိုယ်က အင်ဂျင်နီယာ ကျောင်းသူတစ်ယောက် ဖြစ်ပါလျက်နဲ့ game တွေနဲ့ ပတ်သတ်လာရင် စိတ်ဝင်တစား မရှိတာ မိန်းကလေး သဘာဝမို့လို့လား..ပင်ကိုယ် စိတ်ကြောင့်လားတော့ မပြောတတ်ဘူး..PSP, PS2, PS3, Wii, XBox နံမည်တွေကို ရင်းနှီးနေပေမဲ့ တစ်ခါမှလဲ စိတ်ဝင်တစား မကိုင်ကြည့်ဖြစ်ဘူး..(အဲလိုပဲ ဖုန်းဆိုရင်လဲ စကားပြောဖို့၊ sms ပို့ဖို့လောက်ကိုပဲ စိတ်ဝင်စားတော့ နောက်ဆုံးပေါ် ဖုန်းတွေကို သုံးချင်စိတ် သိပ်မရှိဘူး။) ကောင်းတဲ့ဘက်ကတွေးရင် ငွေကုန်သက်သာပေမဲ့ နည်းပညာတွေနဲ့ အပြိုင်မလိုက် နိုင်တာ သိပ်တော့ မမိုက်ဘူး.. ဒီနေ့ အိမ်က လူတွေနဲ့ မြို့ထဲသွားဖြစ်တယ်..ထိုင်းသူငယ်ချင်းက လိုချင်တယ်ဆိုလို့ Liverpool shirt သွားဝယ်ရင်းပေါ့..(ဒါလဲ လူတွေရဲ့ ရူးသွပ်ခြင်းတစ်မျိုးပေါ့လေ..သူတို့မှာ ဒီ အင်္ကျီမရတော့ရင် သေမလို)..ကိုယ့်အတွက်ကတော့ မြန်မာနဲ့ တစ်ခြားနိုင်ငံ ကန်တာကလွဲရင် မကြည့်ဖြစ်ပါဘူး။ ဒါတောင် မြန်မာကန်တာကို မကြည့်တာ ကြာလှပေါ့..စင်္ကာပူနဲ့ မြန်မာ သတ်တဲ့နှစ်က စလို့ပေါ့..
အိမ်ရှင်ရဲ့ ကလေးလေးက ၁၀ နှစ်သား..သွက်လိုက်တာကလဲ လွန်ရော..ကိုယ့်ကို liverpool shirt ၀ယ်လို့တဲ့ သူက အပြစ်တင်နေတာလေ..သူက Chelsea သမား။ သူက PS2 game ၀ယ်ချင်တယ်ဆိုတာနဲ့ ကိုယ်တို့ Game ဆိုင် ရောက်သွားတယ်..မြန်မာပြည်က မောင်တွေ သိရင် လိုချင်နေမှာလို့ တွေးလိုက်မိသေးပါတယ်..ဒါပေမဲ့ ဈေးတွေက သူတို့ကို ၀ယ်ပေးနိုင်လောက်အောင်တော့ မသက်သာနေဘူးလေ..အဲဒီမှာ စုံလိုက်တဲ့ ဂိမ်းတွေ..PSP, PS2 အတွက်..Wii အတွက်တဲ့..တစ်ချို့ ဂိမ်းခွေလေးတွေက ပေါင် ၃၀ ကျော်တောင် ရှိတယ်. Second hand လို့ သူတို့ ပြောတဲ့ ဂိမ်းတွေတောင် ၉ ပေါင် လောက် ရှိတယ်..ဂိမ်းခွေတွေကတော့ အများကြီးပဲ ကိုယ်က နံမည်တွေနဲ့ မရင်းနှီးနေတော့ ဘယ်ဂိမ်းက နံမည်ကြီးနေလဲ မသိဘူး.စလုံးသူငယ်ချင်းမအတွက် ၀ယ်မလို့ကြည့်ပြီး ဘာဝယ်ရမှန်း မသိ ဖြစ်သွားတယ်..အခု စင်္ကာပူမှာ နံမည်ကြီးစ ပြုနေတဲ့ Guitor Hero တွေလဲ ပေါပေါလောလော တွေ့ရတယ်..ဈေးကတော့ မသက်သာပါဘူး..

ဒါတွေကြည့်ရင်း မေမေ့ကို သတိရသွားတယ်..မေမေသာရှိသေးရင် နင်တို့ဟာက ဘာတွေလဲလို့ မေးတော့မှာ ဖေဖေကတော့ နည်းပညာနဲ့ အပြိုင်လိုက်တယ်လေ..ကိုယ်တို့ထက်တောင် သွက်သေး။ ကွန်ပျူတာဆိုလဲ သူ့လက်ထဲကို ၂၀၀၁ မှ ရောက်ပေမဲ့ အခုဆို မြို့မှာ ဆရာကြီးကို ဖြစ်နေပြီ။ သူများတွေလို သင်တန်းတွေ မတတ်ပဲ သူ့ဟာသူ ဟိုလူမေး၊ ဒီလူမေးနဲ့ လေ့လာတာပဲ...

မေမေရေ တကယ်တော့ PSP, PS2 နဲ့ PS3 ဆိုတာ သယ်သွားလို့ရသော game ကစားစရာလို့ ပြောရမလား မသိဘူး။ Sony က ထုတ်တာပေါ့။ အင်္ဂလိပ်လိုကတော့ PlayStation Portable တဲ့. PS2, PS3 ကတော့ သူတို့ရဲ့ နောက်ထွက်တွေ ပေါ့...အင်္ဂလိပ်လို Playstation 2, 3 ကို အတိုကောက်ခေါ်တော့ PS2/3 ဖြစ်သွားတာပေါ့...Wii ကတော့ Nintendo (ဂျပန် ကုမ္ပဏီ)က ထုတ်တာပါ..သူကလဲ ဂိမ်းကစားတဲ့ သယ်သွားလို့ရတဲ့ အရာလေး တစ်ခုပဲပေါ့။ နောက် Microsoft က ထွက်တဲ့ XBox 360 ဆိုတာလဲ ရှိသေးတယ်..ဘာမှတော့ မဟုတ်ပါဘူး..ဒါလေးနဲ့ ဂိမ်းကစားလို့ ရတယ်..ရုပ်ရှင်ကြည့်လို့ရတယ်..သီချင်းနားထောင်လို့ရတယ်.သွားလေရာ သယ်သွားလို့ရတယ်.. နောက် သူ့ရဲ့ ဘက်ထရီကလဲ ၄၊၅ နာရီခံတယ် ဆိုတော့ လူသုံးများလာကြတာပေါ့။ Wii နဲ့ XBox ထက် စာရင် စင်္ကာပူမှာ အသုံးများတာက PS2 PSP ဖြစ်မယ်ထင်တယ်..မြန်မာမှာလဲ ရန်ကုန်မှာတော့ တော်တော်များများ သုံးမယ်လို့ ထင်ရတာပဲ။ MRT ပေါ်မှာ ဒါလေးတွေ ထုတ်ပြီး ဂိမ်းကစားနေတာ၊ အဓိက ရုပ်ရှင်ကြည့်နေတာကို စင်္ကာပူမှာ တော်တော်လေး တွေ့ရတယ်။ အင်္ဂလန်မှာတော့ အဲလို သိပ်မတွေ့ရဘူး..ရထားပေါ်မှာ လူတွေက သီချင်းနားထောင်နေတာ တစ်ခါတစ်လေ တွေ့ရပေမဲ့ အချင်းချင်း စကားပြောနေတာ များတယ်..ဒီကလူတွေက နဲနဲတော့ ပိုပြီး လူအချင်းချင်း interaction များတယ်လို့ ခံစားရတယ်..

သူငယ်ချင်း (၉) ယောက်

တစ်ခါတစ်လေမှာ မျှော်မှန်းမထားတာတွေက လက်တွေ့ဖြစ်လာတတ်တယ်...
တက္ကသိုလ်ဆိုတာကို စရောက်ရောက်ချင်း ပထမနှစ်မှာ တွဲဖြစ်ခဲ့တဲ့ သူငယ်ချင်း (၉) ယောက်ရှိတယ်.. ကိုယ်နဲ့ တစ်မြို့ထဲ သူငယ်ချင်းကို အကြောင်းပြုပြီး ကိုယ်က သူတို့ အဖွဲ့ထဲကို ရောက်သွားခဲ့တာပေါ့..သူတို့က အဆောင်မှာ အခန်းတွေ ကပ်ရက်မို့ ခင်ကြတာ..ကိုယ်ကတော့ ဒုတိယထပ်ကနေ သူတို့အဖွဲ့ထဲကို ယောင်နနနဲ့ ရောက်သွားခဲ့တာ..ကိုယ်တို့ အဖွဲ့မှာ ထူးခြားချက်က ရန်ကုန်လို မြို့ကြီးကလူ တစ်ယောက်မှ မပါဘူး..အဲတော့သူများတက္ကသိုလ် သူငယ်ချင်းတွေလိုလဲ အနုအရွ သိပ်မလုပ်တတ်ကြဘူး...တစ်ယောက်နဲ့ တစ်ယောက်လဲ ခင်မင်မှုကို မပြကြဘူး...ထမင်းအတူစားတယ်..စကားပြောတယ်..ကျောင်းအတူ သွားတယ် ဆိုတာကလွဲရင် ခင်မင်မှုတွေက အေးစက်ခဲ့ကြတယ်..ကိုယ်တို့အဖွဲ့မှာ အများစုက (ကိုယ် အပါအ၀င်) ငွေရေးကြေးရေး ချွေတာရတာကလဲ တစ်ချက် ဖြစ်ခဲ့မှာပေါ့..ဒါပေမဲ့ သိပ်မကြာပါဘူး..ကိုယ်တို့ထဲမှာ အသေးအမွှား ဇာတ်လမ်းလေးတွေ စလာခဲ့တယ်..ဒီထဲမှာ ပိုက်ဆံချမ်းသာတဲ့ သူငယ်ချင်းရယ်..အပြင်ကို အလည်အပတ် များချင်တဲ့ ကိုယ့် မြို့က ကောင်မလေးရယ်..နောက် သူနဲ့ အတွဲများတဲ့ ယောက်ျားလျာလို ကောင်မလေးရယ်..သူတို့ ၃ ယောက်က ကိုယ်တို့ ကျန်တဲ့လူတွေကို စာဂျပိုးလို့ မြင်တယ်..ကီးမကိုက်ဘူးပေါ့. အဲမှာ ကိုယ်လဲ စိတ်ပျက်သွားမိတယ် ထင်ပါရဲ့..အဖွဲ့နဲ့ သိပ်မတွဲဖြစ်ခဲ့တော့ဘူး.နောက် ကိုယ်က အပြင်ပန်း မာတယ် ထင်ရပေမဲ့ အနုအရွ ခင်မင်မှုလေးတွေကို သဘောကျတယ်..ဂရုစိုက်တာကို ပြချင်၊ လိုချင်တယ်ပေါ့..အဲဒီ ကိုးန၀င်း အဖွဲ့မှာက ဂရုစိုက်ပြရင်တောင် ဟားနေကြတာဆိုတော့ ကိုယ်လဲ ဒီအဖွဲ့ကနေ မသိမသာ ကွဲထွက်လာ ခဲ့တယ်..ပိုက်ဆံ ချမ်းသာတဲ့ ချင်းမလေးရယ် နောက်ထပ်တစ်ယောက်ရယ်ကလဲ အဖွဲ့ကနေ ဖြေးဖြေးချင်း ကွဲထွက်သွားပြီး တခြားလူတွေနဲ့ တွဲသွားတယ်..ကိုယ့်မြို့ကကောင်မလေးနဲ့ ယောက်ျားလျာ သူငယ်ချင်းရယ် နောက် အရမ်းအေးတဲ့ ချစ်စရာ ယောက်ျားလျာ သူငယ်ချင်းရဲ့ အခန်းဖော် ချင်းမလေးရယ်က (၃) ယောက်တစ်တွဲ..ကျန်တဲ့လူတွေက တစ်တွဲနဲ့ ကိုယ်တို့ ကိုးန၀င်းအဖွဲ့က ဒုတိယနှစ်မှာ မတွဲဖြစ်ကြ တော့ဘူး..ဒါပေမဲ့ ကိုယ်တို့အဖွဲ့က အစကထဲက သူများအဖွဲ့တွေလို ချည်နှောင်မှုတွေ မရှိခဲ့ကြတော့ မတွဲဖြစ် တာကလွဲရင် ကွဲတော့ မကွဲခဲ့ကြဘူး..အကြောင်းကြီးငယ် ရှိတိုင်း ဆုံဖြစ်ခဲ့ကြ..ထမင်းစုစားကြနဲ့ ခင်မင်မှု တွေက အရင်အတိုင်းပဲ ခိုင်မာခဲ့ကြတယ်..တစ်ခုပဲ စိတ်မကောင်းစရာ ဖြစ်ခဲ့ရတာက ကိုယ်တို့ အဖွဲ့ထဲက တစ်ယောက် (ချင်းမလေး)က ပထမနှစ်အပြီးမှာပဲ ကျောင်းထွက်သွားခဲ့ပြီး ဒုတိယနှစ်အပြီးမှာ ကိုယ့်မြို့က သူငယ်ချင်းလေးကလဲ ရန်ကုန်ကို ပါသွားခဲ့တယ်..မေဂျာတွေ ခွဲလိုက်ခြင်းရဲ့ ရလဒ်ပေါ့..အဲနောက်ထပ် နဲနဲ စိတ်ပျက်စရာ ဖြစ်ခဲ့တာက ကိုယ်တို့ ကိုးန၀င်းထဲက ကွဲထွက်သွားခဲ့တဲ့ သူငယ်ချင်းတွေထဲက တစ်ယောက် ပေါ့..သူ အသစ်တွဲခဲ့တဲ့ သူငယ်ချင်း အုပ်စုက တက္ကသိုလ် သူငယ်ချင်း အုပ်စု သိပ်ကို ပီသနေခဲ့ပြီး သူ ကိုယ်တို့နဲ့ ထမင်းခနလာစားရင်တောင် သ၀န်တို စိတ်ကောက်တာတွေ ဖြစ်လာခဲ့တာပဲ။ အဲ့အတွက် တစ်ခါ တစ်လေ (၉) ယောက် ဆုံတဲ့အခါ သူ့ကို ခေါ်ရတာအပေါ် ကိုယ်နဲနဲတော့ စိတ်ပျက်ခဲ့မိတယ်..အခုတော့လဲ ဒီ (၉) ယောက်လုံးက တစ်ယောက် တစ်နေရာ ဖြစ်ကုန်ကြပါပြီ..ကိုယ်အခုလို ရေးထားတာကို သူတို့ ဖတ်ရရင် ဟားချင်နေကြမှာ။..ဒါပေမဲ့ အပေါ်ယံ မဆန်တဲ့ အဲဒီ သူငယ်ချင်းတွေရဲ့ ခင်မင်မှုကို ကိုယ် အခုအချိန်မှာ တန်ဖိုး ထားရမှန်း ပိုသိလာခဲ့တယ်..ပါးစပ်ဖျားနဲ့ ဂရုမစိုက်ခဲ့ကြပေမဲ့ တကယ့်ကို ရင်ထဲက ခင်မင်မှုတွေက ခိုင်မြဲနေဆဲဆိုတာကို ပြန်တွေ့ဖြစ်တဲ့ သူငယ်ချင်းတွေက သက်သေပြခဲ့ကြတယ်..အဆက်အသွယ် ပြန်ရခဲ့တဲ့ သူငယ်ချင်း (၄) ယောက်လုံးက ကိုယ့်အပေါ်မှာ အရင်လို နွေးထွေးနေဆဲ၊ ခင်မင်မှုတွေ ခိုင်မာနေဆဲဆိုတာ တွေ့လာရတယ်..ဒီလို နွေးထွေးနေဖို့ မမျှော်လင့်ခဲ့ဘူး.. မမျှော်လင့်ပေမဲ့ လက်တွေ့ ဖြစ်လာတဲ့အခါ ရင်ထဲမှာ ကြည်နူးမိတယ်..လက်တွေ့ဆန်စွာ ခင်ခဲ့ရတဲ့ သူငယ်ချင်းတွေမို့ ကျန်တဲ့လူတွေနဲ့ ပြန်ဆုံဖြစ်ခဲ့မယ်ဆိုရင်လဲ အခုသူငယ်ချင်းတွေလိုပဲ နွေးထွေးနေမယ်လို့ ယုံကြည်နေမိတယ်...
ကိုယ်နဲ့ အရူးအမူး ခင်ခဲ့ ချစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေကတော့ ပြန်တွေ့တဲ့ အခါ တစိမ်းတွေလို ဖြစ်သွားကြတယ်။ သူတို့ အပြစ်တင်မဟုတ်ပဲ ကိုယ့်ဘက်ကကို စိမ်းနေတာ..အဓိကကတော့ ကိုယ့်အမှားပဲလား တကယ်တော့ ခင်မင်မှုဆိုတာ ပါးစပ်ဖျားက အမြဲ ပြနေနိုင်တာမျိုး မဟုတ်တော့ လက်တွေ့ဆန်ဆန် ခင်ခဲ့တဲ့ သူငယ်ချင်းတွေကပဲ ဘ၀ခရီးလမ်းမှာ အမြဲ ကျန်ခဲ့မယ် ထင်ပါရဲ့....

Thursday, February 19, 2009

လန်ဒန်က ထိုင်းဆိုင်သို့အလည်တစ်ခေါက်

ဒီနေ့ ဆရာရယ်. သူ့ပါတနာ ဆရာမရယ်..ကျောင်းသားတစ်စုရယ်..နောက်ထပ် ဆရာနှစ်ယောက်ရယ် အားလုံး စုစုပေါင်း ၁၁ ယောက် ထိုင်းဆိုင် သွားစားကြတယ်..ထိုင်းစာကို ပေါင် ၂၀ လောက်ပေးစားရတာ မတန်လိုက်တာ...
ဒါပေမဲ့ တစ်ခု တွေးတွေးပြီး ရင်ထဲမှာ နင့်နေအောင် ခံစားရတာတော့ ရှိတယ်...အဲဒီ နိုင်ငံကို သွားလယ်ရင် အင်္ဂလိပ်စကား ပြောနိုင်သူဟာ လက်ချိုးရေလို့ ရနိုင်တယ်..နိုင်ငံခြား ခရီးသည် ဒီလောက်များနေပါရဲ့နဲ့ ကားသမားအစ ဈေးသည်အဆုံး အင်္ဂလိပ်စကားပြောနိုင်သူ ရှားတယ်...
မြန်မာနိုင်ငံမှာတော့ ကလေးအစ ဆိုက်ကားသမားအဆုံး နိုင်ငံခြားခရီးသည် လာရာဒေသတွေမှာ တော်တော် များများက အင်္ဂလိပ်စကားကို ထမင်းစား ရေသောက်တော့ ပြောနိုင်ကြတယ်.. မြန်မာတွေက သူတို့တွေ ထက်တော့ မညံ့ဘူးထင်တာပဲလေ...
ဒါပေမဲ့ ခံစားရတယ်...ဒီမှာ ထိုင်းဆိုင်တော်တော်များများကို တွေ့ရတယ်..ဘာကြောင့်ပဲ ကျော်ကြားကျော်ကြား ထိုင်းနိုင်ငံလို့ ပြောရင် သိကြတယ်...မြန်မာဟာ ထိုင်းနိုင်ငံနားမှာလို့ ပါးစပ်က ဘယ်လိုမှ ပြောမထွက်ဘူး..မြန်မာကို မသိဘူးလို့ ပြောရင် တရုတ်နဲ့ နီးတယ်လို့ပဲ ပြောမိနေတယ်..ဆရာက စင်္ကာပူကလာတဲ့ ကျောင်းသူ အဖြစ် မိတ်ဆက်ပေးတဲ့အခါ ငါက စင်္ကာပူမှာနေတဲ့ မြန်မာပါလို့ ၀ံ့ကြွားစွာ ပြောမိတယ်..မြန်မာ တစ်ယောက် ဖြစ်ရတာ အတွက် မသိမ်ငယ်ပါဘူး..
ဒါပေမဲ့ ဒါပေမဲ့ပေါ့လေ.စိုင်းထီးဆိုင်ဆိုခဲ့တဲ့ မန္တလေးရောက် ရှမ်းတစ်ယောက် ဆိုသလိုပဲ...လန်ဒန်ရောက် မြန်မာတစ်ယောက်အနေနဲ့ ၀မ်းနည်းမိတာတော့ အများကြီး ရှိတယ်...ဘာတွေကြောင့် မြန်မာနိုင်ငံက နောက်ကျန်နေရစ်ရတာလဲ..အားလုံးနဲ့ ရင်ပေါင်မတန်းနိုင်ရင်တောင် အာရှမှာတောင် ဘာလို့ နောက်ကျန် နေရတာလဲ.၀မ်းနည်းမိတယ်..
တကယ်တော့ အဲအတွက် တာဝန်အရှိဆုံးလူက ကိုယ်တိုင်ပါပဲ...ကိုယ်သာ ဒီထက်ထူးချွန်ခဲ့မယ်ဆိုရင်...အနဲဆုံး ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် မြန်မာဟာ ဘာလဲလို့ ပြသနိုင်ခဲ့မှာပါ။
ကိုယ့်ရှေ့က မြန်မာတွေက တာဝန်ကျေပါရဲ့နဲ့ ကိုယ်တွေကျမှ ညံ့နေရတာကို ရင်နာမိတယ်.. တစ်နေ့မှာတော့ မင်းအတွက် တာဝန်ကျေချင်ပါတယ်..မြန်မာနိုင်ငံရယ်....ဘယ်လိုပဲဖြစ်နေပါစေ..မင်းဟာ ငါ့အိမ်လေးပဲ...မင်းအတွက် ငါတာဝန်မကျေနိုင်သေးတာအတွက် ရင်ထဲမှာ နင့်နေအောင် အကြွေးတစ်ခု တင်နေသလို ခံစားရပါတယ်..မင်းအတွက် တာဝန်ကျေစေဖို့ ငါကတိပေးပါတယ်...

Wednesday, February 18, 2009

ညွှန်းစာဖွဲ့လို့ မမီ


သန့်စင်တဲ့ နှလုံးသည်းပွတ်က
စုံတဲ့ရေ စီးလေပြီ
အသက်နဲ့ အမျှ စီးဆင်းနေတော့မည်
တားစီးလို့ မရပြီ..
မိဘတို့ မေတ္တာ ခွန်အားသည်..
မြင့်မိုရ်လဲ နှိုင်းလို့ရယ် မမှီ....

တွေးကြည့်လို့ သိရန် ခက်ခဲသည်...
အေးမြတဲ့ အချစ်သည်...
ဒီကမ္ဘာမှာ တစ်ခုတည်း ရှိသည်...

မိဘတို့ နှလုံးသားက စီးဆင်းတဲ့
မေတ္တာရေကြည်
ညွှန်းစာဖွဲ့လို့ မမီ......

မိဘတို့ နှလုံးသားက အနှိုင်းမဲ့တဲ့
မေတ္တာရွှေရည်
ညွှန်းစာဖွဲ့လို့ ရယ် မမီ......


လွမ်းတယ် မေမေရယ်..............တစ်ခါတစ်လေ ပြောမပြတတ်အောင် လွမ်းတယ်...ကောင်းကင်ပြာရယ်..ပင်လယ်ရေပြင်ကြီးရယ်...သင်္ဘောကြီးတွေရယ်...ဘာကိုပဲကြည့်ကြည့် မေမေ့ကို လွမ်းနေမိတယ်...

Tuesday, February 17, 2009

That day......

Whenever I faced difficulties in my life, I would find my mother's shoulder to cry on. Though I seldom took my mother's advice, I would call my mother and cry. I failed to take my full responsibility when I had my mother to rely on. No event in my 25 years of life demanded urgent maturity and self-reliant until the sudden losing of my beloved mother.

On December 9, 2006, that Saturday started as usual. I woke up late and cleaned my room. My cousin visited my house and we were chatting. I had no clue that next few hours will change my life forever. While we were talking, we were interrupted by my phone ringing. The caller ID displayed was my cousin's home from Myanmar.

When I picked up the call, I was expecting to hear complaints about my cousin. Instead it was for me. When I said hello, I could hear the haunting fear and sadness lingering in my aunt's voice. Before I could ask what happened, she proceeded to tell me that my mother has passed away. I nervously asked what and she repeated her words again. I then hang up the call and shouted loudly. I could not remember what I shouted or what I did. When I realized, the only thing I remember is my father and my younger sister. All of sudden, I became a person with a lot of responsibilities. I don't know where and when my tears had gone. I could not cry at her funeral. I realized lately that my mother meant the whole world to me.

Sunday, February 15, 2009

ခြေလှမ်း အစ

ထူးချွန်တဲ့ လူတစ်ယောက်ဟာ သူ့ဂုဏ်ကိုတင်မကဘူး ..သူ့မိဘ၊ သူ့ရပ်ရွာ၊ သူ့မြို့၊ သူ့နိုင်ငံ ဂုဏ်ကိုလည်း ဆောင်နိုင်ရမယ်...
ကမ္ဘာနဲ့ ချီပြီး ထူးချွန်လာတဲ့ အခါမှာ ကိုယ့်မြန်မာ အမျိုးဂုဏ်ကို ဆောင်နိုင်ရမယ်...

I wrote this sentence "There is always a way we do our work" on Nov 11 last year. Now, I am happy to get my third conference paper. :-) Not because the conference is well-known one. (Actually, the conference is quite lousy one.) Just becasue I worte this paper based on very lousy project. :P Many people including myself and my supervisor believe that the project I was assinged has no value for research. This is totally industrial project. I was depressed for being assigned for this project. I tried to motivate myself to keep moving on. But, it was very difficult and painful path. Sometimes, I felt like giving up. Sometimes, I hate myself for being here. Sometimes, I hate my fate...I know what I have done is more towards implementation, and I knew there is no research interest..and I could not get paper for any computer vision conference or high-impact computer vision journals...So, I decided to write for application oriented conference. But, there is no support from my supervisor. My supvisor still wanted to aim for computer vision related conferences. I faced a big dilemma of disobeying my supervisor or losing my chance to write to the conference what I think most suited. Finally, I decided to write on my own and submited at the last minute. Though it is not a well-known conference, I am happy to get this conferece paper because this is somehow proved that I can overcome all obstacles.

comfort zone မှ ခွဲခွာကြည့်ခြင်း (၁၃)

အင်္ဂလန်ရဲ့ နံမည်ကြီး Tower Bridge




comfort zone မှ ခွဲခွာကြည့်ခြင်း (၁၂)






Tower Hill Memorial

London Tower ကို Tower Hill ပေါ်က မြင်ရပုံ

Tower Hill

Saturday, February 14, 2009

လန်ဒန်က Valentine's day


သူတို့ဆီမှာ Valentine day ကျင်းပနေပုံက။ သေချာကြည့် အ၀ါ ခွက်လေးမှာ အကြွေတွေ အများကြီးပဲ။
စာတန်းမှာ ရေးထားတာက..ဘာဘာ..ညာညာ...ပိုက်ဆံ လှူကြပါတဲ့...
သမိုင်းကြောင်းကို ရေးထားပြီး ပိုက်ဆံ အလှူခံတဲ့ သဘောပေါ့..သူတို့က မြစ်နံဘေးမှာ။ လူတွေက အပေါ်က ငုံကြည့်နေတာ အများကြီးပဲ။ ပိုက်ဆံ လှမ်းပစ်တဲ့လူတွေကလဲ လှမ်းပစ်ကြတယ်။ ခွက်အ၀ါထဲ တည့်တည့်ဝင်ရင် ဘာဖြစ်ပါစေ ညာဖြစ်ပါစေ ရှိမှာပေါ့။ အချိန် သိပ်မရလို့ သေချာတော့ အနီးကပ် မကြည့်ဖြစ်ခဲ့ဘူး။

comfort zone မှ ခွဲခွာကြည့်ခြင်း (၁၁)


Millennium Bridge ရဲ့ လမ်းအဆုံးမှာ ရှိတဲ့ St. Paul's Cathedral.. ဘုရား ရှိခိုးကျောင်းဆိုတာကလွဲလို့ အထဲကို ၀င်မကြည့်ဖြစ်ဘူး..သမိုင်းကို ဖတ်ချင်ရင် အင်တာနက် ရှိနေတာပဲလေ..

ဒါက လန်ဒန်ရဲ့ ဒုတိယ အလှဆုံးလို့နံမည်ကြီးတဲ့ တံတား...Millennium Bridge.. လမ်းလျှောက်လို့တော့ တကယ်ကောင်းတယ်..လမ်းကြောင်းကလဲ ရှင်းတယ်..
သိမ်းမြစ်တစ်လျှောက် လမ်းလျှောက်မယ်ဆိုရင် ဒီတံတားတွေကို အစဉ်လိုက် တွေ့ရမှာပဲ..
ဒါက Blackfriars Bridge အနီရောင်လေး..ဒီတံတားလေးကိုတော့ သဘောကျတယ်....လှမ်းမြင်နေရတဲ့ ထိပ်ချွန်လေးက St. Paul's Cathedral..
ဒါက waterloo bridge...ကိုယ် လမ်းလျှောက်ရင်း ရုတ်တရက် မှောင်လာတော့ ပုံတွေက အလင်းရောင် မကောင်းဘူး..ဒါပေမဲ့ အမှတ်တရပေါ့လေ...တကယ့်ကို professional photo တွေ ရှာချင်ရင်တော့ ဟီး..အင်တာနက် ရှိသားပဲ..

comfort zone မှ ခွဲခွာကြည့်ခြင်း (၁၀)

ဒါက national theatre ရဲ့ ရှေ့က ရုပ်ထု..ဘာပုံလဲတော့ သိဘူး..မမေးနဲ့....အမှတ်တရမို့ ရိုက်လာတာ...



waterloo bridge ရဲ့ အောက်ဘက် သိမ်းစ်မြစ်ရှေ့မှာ တည်ဆောက်ထားတဲ့ national theatre ပေါ့. ရုပ်ရှင်ကို စိတ်မ၀င်စားပေမဲ့ မြစ်ရှေ့မှာ တည်ဆောက်ထားတဲ့ စိတ်ကူးလေးကိုတော့ သဘောကျမိတယ်...

ဒါက လန်ဒန်ရဲ့ နံမည်ကြီး london eye ... အလင်း မချိန်ထားတော့ ဓါတ်ပုံက နဲနဲတော့ မှောင်နေတယ်.. waterloo bridge ပေါ်ကနေကြည့်ပြီး မြင်ရရုံကလွဲပြီး သွားဖြစ်မယ်တော့ မထင်ဘူး ..ဈေးကြီးတယ်လို့ နံမည် ကြီးနေတယ်...

waterloo station က အထွက် လမ်းမပေါ်မှာ ရိုက်ထားတာ...waterloo bridge ကို အသွား လမ်းပေါ့

comfort zone မှာ ခွဲခွာကြည့်ခြင်း (၉)

ဒါက အတွင်းပိုင်း...ဘယ်သူမှ မရောက်ခင် တွဲပေါ်တက်ပြီး ဓါတ်ပုံ တက်ရိုက်ထားတာ..ထိုင်ခုံတွေက မြန်မာပြည်လိုပဲ...ဟီး...သန့်ရှင်းတာတော့ နဲနဲ ပိုတာပေါ့...
ရထားတွေက မြန်မာပြည်က ရထားတွေနဲ့ သိပ်မထူးပါဘူး...ဟီး..

ဒါက waterloo station နဲ့ ကပ်ရက်က waterloo east station..ဒီမှတ်တိုင်ကနေ တိုက်ရိုက်ရထားစီးသွားရင် လန်ဒန်ရဲ့ နံမည်ကြီး tower bridge ကို ရောက်ပါတယ်။ ဒါပေမဲ့ လမ်းလျှောက်ရင် လမ်းပိုမှတ်မိတယ်ဆိုတဲ့ အယူအဆကို ကိုင်ယူထားလို့ မြစ်တလျှောက် လမ်းလျှောက်ဖြစ်တယ်...


လန်ဒန်ရဲ့ အကြီးဆုံးလို့ ပြောတဲ့ waterloo station ပါ...သေချာ လျှောက်ကြည့်ရမဲ့အစား လမ်း မပျောက်ဖို့ ပိုအာရုံထားနေရလို့ ဓါတ်ပုံတောင် သေချာ မရိုက်ဖြစ်ခဲ့ပါဘူး။Notice board မှာ ကြော်ငြာထားတာတာက Platform တစ်စီးစီကို ၀င်လာမဲ့ ရထားနဲ့ အဲဒီ ရထား ရပ်မဲ့ မှတ်တိုင်တွေပါ။ Platform ပေါင်း ၂၀ ကျော်မလား မသိဘူး။ Wiki မှာတော့ ပုံတစ်ချို့ တင်ထားတယ်..ကိုယ်ရိုက်ထားတာထက် အပုံကြီး လှတယ်...
ဒီမှာ သွားရလာရတာက စင်္ကာပူလောက်တော့လဲ မလွယ်ဘူး..လမ်းကြောင်းတွေက များတော့ နဲနဲတော့ ကြိုးစား မှတ်ရတယ်..ဒါပေမဲ့ ကိုယ်က ရောက်ခါစမို့ မကျွမ်းကျင်တာလဲ ပါမယ် ထင်ပါတယ်..

ဒါက နောက်ထပ် မှတ်တိုင်တစ်ခု. နံမည်ကတော့ သေချာမမြင်ရတော့ဘူး...

kingston station ပါ...ရန်ကုန်က ဘူတာ မှတ်တိုင်လေးတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ အခြေခံ တည်ဆောက်ပုံ တူတာကို ပြောတာပါ။ (ကိုယ်က သူတို့ လက်အောက်ခံ ဖြစ်ခဲ့ရတာကို..) တစ်ခုတော့ အားတက်မိတယ်။ မြန်မာက ရထားတွေကိုလဲ သေချာလုပ်လိုက်ရင် အများကြီး ပြုပြင်နိုင်မှာပဲလို့ တွေးမိလို့။

Friday, February 13, 2009

comfort zone မှ ခွဲခွာကြည့်ခြင်း (၈)

Kingston တံတားပေါ့

မြစ်ကမ်းလေးရဲ့ နဘေးမှာ အခုလို တိုက်ခန်းလေးရယ် လှေကလေးတစ်စင်းရယ်နဲ့ အေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့် ရချင်ပါသေးတယ်...

လှပတဲ့ လမ်းကလေး....ဒါပေမဲ့ ...မိုင်ထောင်ချီ ခရီးစဉ်တစ်ခု ..ဘယ်အချိန် အိမ်ပြန်ရောက်နိုင်ပါ့မလဲ......

ShawShank Redemption က ပေးသော အတွေးများ

comfort : ထောင်သွင်း အကျဉ်းချခံရခြင်းမှာ အသားကျ ပျော်ဝင်နေဖို့..ပိတ်ဆို့တားဆီးမှုတွေကို အသားကျ နေဖို့...အပေါ်ယံ ဟန်ဆောင်မှုကို မသိမသာ အသားကျစွာ ပျော်ဝင်နေဖို့ ယူရတဲ့ အချိန်က ၁၀ နှစ် မပြည့်ဘူးတဲ့လား.......

fear or hopeless: လွတ်မြောက်မှုကို တွေးမကြည့်ဝံ့လောက်အောင် မဖြစ်နိုင်ဘူးလို့ပဲ အမြဲတွေးမိနေအောင် ဦးနှောက်မှာ သွင်းပေးလိုက်ဖို့...ကိုယ့်ရဲ့ ကိုယ်ပိုင် အစွမ်းအစတွေကို အထင်သေးမိနေစေဖို့ အချိန်က ၁၀ နှစ် တောင် မပြည့်ဘူးတဲ့လား......လှောင်အိမ်ရှိရာကိုပဲ ပြန်လာချင်လောက်အောင် ကိုယ့်ရဲ့ အစွမ်းအစတွေကို မယုံကြည်လောက်အောင် ဖြစ်စေဖို့က နှစ် ၂၀-၃၀ ပဲတဲ့လား

Hope is good thing: မျှော်လင့်ချက်ဆိုတာ ရှိနေသရွေ့ လွတ်မြောက်မှုဆိုတာ ရှိနေမှာပဲ။ အချို့ငှက်ငယ် လေးတွေရဲ့ အတောင်ပံက သိပ်ကို သန်မာလွန်းတော့ လှောင်အိမ်မှာ ပိတ်လှောင်ထားဖို့ ဖြစ်ကို မဖြစ်နိုင် ဘူးလေ။ တစ်နေ့ကို လက်တစ်ဆုပ်စာ အလုပ်လုပ်တော့ အနှစ် ၂၀ မှာ လူတစ်ကိုယ်စာ ထွက်ပေါက်တစ်ခုကို ထွင်းလိုက်နိုင်တယ်။ မိလ္လာတွေနဲ့ ပြည့်နှက်နေတဲ့ ဘောလုံးကွင်း ၅ ကွင်းစာလောက်ရှိတဲ့ ကိုက် ၅၀၀ လောက် ရှိတဲ့ တူးမြောင်းကို တွားသွားပြီး ကျော်ဖြတ်အပြီးမှာတော့ တောက်ပတဲ့ နေရောင်ခြည်ရှိတဲ့ ဘ၀တစ်ခုကို ရောက်ရှိသွားတယ်တဲ့လား..........

Tuesday, February 10, 2009

comfort zone မှ ခွဲခွာကြည့်ခြင်း (၇)

မြို့ထဲ ရောက်ပြီ.....










မြို့ထဲက ကားနဲ့လှည့်ရောင်းတဲ့ ဆိုင်ကလေး
ပန်းဆိုင်လေးကို ချစ်တယ်



ကျောင်းနဲ့ မျက်စောင်းထိုးက Crown Cournt

ကျောင်းနဲ့ မျက်နှာချင်းဆိုင်က Country Hall ........
ကျောင်းရောက်ပြီ။

comfort zone မှ ခွဲခွာကြည့်ခြင်း (၆)

ကားပေါ်မှာ လူလဲ မရှိဘူး

ကားစောင့်ရင်း အပျင်းပြေပေါ့
ခေတ္တနားခိုရာ လမ်းကလေး

ခေတ္တနားခိုရာ အိမ်ကလေး

Monday, February 9, 2009

ပျောက်ဆုံးသွားတဲ့......နိမ္ဘာန်ဘုံ

ငယ်စဉ်က
ကလေးလေး ဘ၀ဟာ
ပျော်ပါးဖို့ရာ လွယ်ပါတယ်..

ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ
စားချိန်မှာ ၀င်စားမယ်
အိပ်ချိန်မှာ ၀င်အိပ်မယ်

အပူအပင်ကင်းတဲ့ကလေးလေးဘ၀ကို
တစ်ခါ ပြန်ပြီး ရချင်သေးတယ်...
အပြစ်မရှိတဲ့ ကလေးလေးဘ၀ကို တစ်ခါ ပြန်ပြီး ရောက်ချင်သေးတယ်

ဟိုစဉ်က
လွတ်လပ်မှုဟာ
ခုများ ပျောက်လို့ နေပါပြီ...
သံယောဇဉ်နဲ့ တုတ်နှောင်မြဲခဲ့
သွားချင်ရာကို မသွားနိုင်
လုပ်ချင်ရာကို မလုပ်နိုင်
အပူအပင်ကင်းတဲ့ ခလေးလေးဘ၀ကို
တစ်ခါ ပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို
တစ်ခါ ပြန်ပြီး ရောက်ချင်သေးတယ်........

ဖြူစင်တဲ့ နှလုံးသားလေးဟာ
အရောင် အမျိုးမျိုး စွန်းထင်းနေပြီ
ဆန္ဒလွန်ကဲ စိတ်အလို လိုက်လွဲ
အသုံးမ၀င်တဲ့ နောင်တတွေ
လှုံ့ဆော်ကာ ကြေကွဲနေ

အပူအပင်ကင်းတဲ့ ခလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်.........

Beyond Rangoon

ဒီ ပိတ်ရက်မှာ Beyond Rangoon ကို ကြည့်မိတယ်။ ဖြစ်နိုင်သရွေ့ ဒီလို ကားတွေကို မကြည့်မိအောင် ရှောင်ချင်တယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ နှလုံးသားက မခံစားနိုင်လို့။ကိုယ့်နိုင်ငံကို နိုင်ငံတကာ အလယ်မှာ မျက်နှာငယ် ရတဲ့ ဘ၀ကို မမြင်ချင်၊ မမြင်ရက်ဘူး။ ဘယ်ဘက်က ဘယ်လိုပဲ ခံစားခံစား အားလုံးက ကိုယ့်နိုင်ငံသားတွေပဲ မှလား။ ကောင်းတဲ့လူ ရှိသလို၊ ဆိုးတဲ့လူ ရှိတယ် ဆိုပေမဲ့ ဆိုးတဲ့လူတွေကို ရိုက်ပြရင် အဲလောက်တော့ တို့ နိုင်ငံသားတွေ မဆိုးသေးပါဘူးလို့ပဲ တွေးချင်တယ်။ ကိုယ်နဲ့ ပတ်သတ်နေတဲ့ အရာမှန်သမျှကို အကောင်းပဲ မြင်ချင်၊ ဖြစ်ချင်တဲ့ ရောဂါ ရှိတဲ့ အတ္တကြီးတဲ့ လူတစ်ယောက်ကို။
ကိုယ့်ကြောင့် မြန်မာနိုင်ငံကို ဂုဏ်တက်စေနိုင်ရမယ်လို့ အကြိမ်ကြိမ် ဆုံးဖြတ်ထားလဲ အခုအချိန်ထိတော့......။ မြန်မာနိုင်ငံသား တစ်ယောက် အဖြစ် ဂုဏ်ယူချင်ပါတယ်။ ကိုယ့်ကို အကြောင်းပြုပြီး ကိုယ့်နိုင်ငံကို အထင်သေးမဲ့ ဘ၀မျိုးကိုတော့ မလိုချင်မိပါဘူး။ နိုင်ငံသား ပြောင်းသွားတဲ့ မြန်မာတွေကို အပြစ်တင်တာ မဟုတ်ပါဘူး။ ကိုယ့်ကို အန်တီ တစ်ယောက်က ပြောဖူးသလိုပေါ့။ ဘယ်နေရာမှာပဲ နေနေ လူတွေကို အကျိုးပြု နိုင်ဖို့က အဓိကပါတဲ့။ ကိုယ်ကတော့ အဲလောက် မရင့်ကျက်နိုင်သေးပါဘူး။ ကိုယ့်နိုင်ငံကွက်ကွက်လေး ကိုယ့်မြို့နယ်လေး ကိုယ့်မိသားစုလေးကိုတောင် ကောင်းအောင် မလုပ်နိုင်သေးပဲလေ။
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားပါ
မိမိအတန်းကို ကောင်းအောင် ကြိုးစားပါ
မိမိကျောင်းကို ကောင်းအောင် ကြိုးစားပါ
မိမိ တိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားပါ ............တဲ့။ ငယ်ငယ်က ဖတ်ဖူးတဲ့ ကဗျာလေးပါ။

Thursday, February 5, 2009

comfort zone မှ ခွဲခွာကြည့်ခြင်း (၅)

မနက်က ကျောင်းသွားတော့ မိုးတွေရွာနေတယ်။ မိုးဖွဲဖွဲမှာ မအေးရင်တော့ လမ်းလျှောက်လို့ ပိုကောင်းမှာ။ တစ်ခု သတိထားမိတာက ဒီမှာ လူတွေ လမ်းလျှောက်တာ အရမ်း မြန်ကြတယ်။ မိုးဖွဲဖွဲအောက်မှာ လောင်းကုတ် အရှည်ကြီးတွေ ၀တ်ပြီး သွားတာများ ဖြတ်ခနဲ ဖြတ်ခနဲပဲ။ မနက်က အိမ်ရှင်ကလဲ ကျောင်းကို သွားတယ် ဆိုတော့ အတူတူ သွားဖြစ်တယ်။ ရုံးခန်းရောက်တော့ ကိုယ့်မှာ မောနေလို့ မနဲ အသက်ရှူရတယ်။ ဒီမှာ ကားစီးရတာ တစ်ခုတော့ ကောင်းတယ်။ တစ်ခေါက်ဆိုရင် ၁ ပေါင်ပဲ ။ ခရီးအကွာအဝေးပေါ်မှာ မမူတည်ဘူး။ အဲတော့ သက်သာတာက အတက်မှာ Tag ပြီးရင် အဆင်းကျ ကျော့ကျော့လေး ဆင်းရုံပဲ။ စင်္ကာပူမှာလို ထပ်ကပ်စရာ မလိုဘူးပေါ့။ အခန်းထဲမှာ အီရန်က ဘိုးတော် (၂) ယောက်ပဲ ရှိတယ်။ ကောင်မလေး (၂) ယောက်က ညနေ (၃) နာရီလောက် (ကိုယ်ပြန်ခါနီးမှ) ရောက်လာတယ်။
ရာသီဥတုက ချမ်းစိမ့်နေပြီး ဆိုးဝါးရင်လဲ ဆိုးဝါးနိုင်တယ်ဆိုတာနဲ့ ကိုယ်လဲ စောပဲ ပြန်လာခဲ့တယ်လေ။
အဝေးက ညီမလေးကလဲ နေမကောင်းဘူးဆိုတော့ သူ့အတွက် စိတ်မကောင်းတာလဲပါတယ်။ စာကောင်းကောင်းလုပ်လို့ မရဘူး။

comfort zone မှာ ခွဲခွာကြည့်ခြင်း (၄)

ကိုယ်မနက် ကျောင်းကိုရောက်သွားတော့ လူနဲနဲ ရှင်းနေတာနဲ့ ကျောင်းကို အဝေးကနေ ဓါတ်ပုံ လှမ်းရိုက်ဖြစ်တယ်။ NTU နဲ့ယှဉ်တော့ ကျောင်းက ဂျပုလေး။ ဒါပေမဲ့ မိုးထိမြင့်တဲ့ ကျောင်းထက် ဒီလို ခပ်ပုပုလေးတွေကို ကိုယ်ပိုသဘောကျမိတယ် ။ ကိုယ် ခနနေရမဲ့ ရုံးခန်းကို ရောက်တော့ ဘယ်သူမှ မရောက်ကြသေးဘူး။ ဒါကတော့ PhD ကျောင်းသားတွေရဲ့ စတိုင်ပဲ ထင်ပါတယ်။ ညနက်အောင် လုပ်၊ နေ့ဘက်မှာ အိပ်ပေါ့။ ကိုယ်လဲ ဘယ်သူမှ မရောက်သေးတာကို အကြောင်းပြုပြီး ကိုယ် ခေတ္တနေရမဲ့ ရုံးခန်းလေးကို ဓါတ်ပုံရိုက်ဖြစ်တယ်။ အပြင်ကို လှမ်းကြည့်လိုက်ရင် အမိုးချွန်လေးတွေနဲ့ အိမ်လေးတွေကို မြင်ရတယ်။ ဒါပေမဲ့ အလင်းပြန်ပြီး ရုံးခန်းထဲကအရိပ်တွေပေါ်နေတော့ သိပ်မမိုက်ဘူး။

နေ့ခင်းကျတော့ ငွေသွားသွင်းဖို့ တခြားရုံးခန်းတစ်ခုကို သွားရတယ်။ ကိုယ်တို့ဆီနဲ့ ကွာတာက သူတို့ရဲ့ ရုံးခန်းတွေက တစ်နေရာစီ ဖြစ်နေတာပဲ။ ကိုယ်နေတဲ့ ရုံးခန်းရှိတဲ့ ၀န်းကနေ အပြင်ကိုထွက် လမ်းလျှောက်သွား ပြီးမှ ရောက်တယ်။ ၀န်ထမ်းတွေက ဆက်ဆံရတာ ကိုယ်တို့ဆီက ၀န်ထမ်းတွေနဲ့ တခြားစီပဲ။ လုပ်တာ ကိုင်တာ စနစ်ကျသလို အပြောအဆိုလဲ မရိုင်းဘူး။


ညနေ ကိုယ်ပြန်လာတော့ တော်တော်လေး မှောင်နေပြီ။ အကျင့်မရှိသေးတော့ စိတ်ထဲမှာ တမျိုးတော့ ဖြစ်မိတယ်။ တကယ်ကျ နာရီက ၅ နာရီကို စွန်းရုံလေး ရှိသေးတယ်။ ကိုယ် နေတဲ့ လမ်းလေး နံမည်က Lancaster garden တဲ့ လန်ကက်စတာ ဥယျာဉ်လမ်းပေါ့။ ကိုယ် ဘတ်စကား စီးရာ လမ်းတစ်လျှောက်မှာ အဲလို (something) garden ဆိုတဲ့ နံမည်လေးတွေနဲ့ လမ်လေးတွေကို တွေ့ရတယ်။ နောက်နေ့မှာ စောစောပြန်လာပြီး ကားမှတ်တိုင်နောက်က ကျောင်းလေးကို ဓါတ်ပုံရိုက်ရမယ်။ ကိုယ်တို့ မြန်မာပြည် နယ်က ကျောင်းလေးတွေနဲ့ ပုံစံတူတယ်။ ကစားစရာ မြေကြီး ရှိတယ်။ ကျောင်းဝန်းလေးတွေက ကျယ်ပြန့်တယ်။ စနေနေ့ကိုတော့ သိမ်းစ်မြစ်ဘက် တစ်ခေါက်သွားပြီး ဓါတ်ပုံ ရိုက်ရမယ်။



There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~