ဒီနေ့ ဆရာရယ်. သူ့ပါတနာ ဆရာမရယ်..ကျောင်းသားတစ်စုရယ်..နောက်ထပ် ဆရာနှစ်ယောက်ရယ် အားလုံး စုစုပေါင်း ၁၁ ယောက် ထိုင်းဆိုင် သွားစားကြတယ်..ထိုင်းစာကို ပေါင် ၂၀ လောက်ပေးစားရတာ မတန်လိုက်တာ...
ဒါပေမဲ့ တစ်ခု တွေးတွေးပြီး ရင်ထဲမှာ နင့်နေအောင် ခံစားရတာတော့ ရှိတယ်...အဲဒီ နိုင်ငံကို သွားလယ်ရင် အင်္ဂလိပ်စကား ပြောနိုင်သူဟာ လက်ချိုးရေလို့ ရနိုင်တယ်..နိုင်ငံခြား ခရီးသည် ဒီလောက်များနေပါရဲ့နဲ့ ကားသမားအစ ဈေးသည်အဆုံး အင်္ဂလိပ်စကားပြောနိုင်သူ ရှားတယ်...
မြန်မာနိုင်ငံမှာတော့ ကလေးအစ ဆိုက်ကားသမားအဆုံး နိုင်ငံခြားခရီးသည် လာရာဒေသတွေမှာ တော်တော် များများက အင်္ဂလိပ်စကားကို ထမင်းစား ရေသောက်တော့ ပြောနိုင်ကြတယ်.. မြန်မာတွေက သူတို့တွေ ထက်တော့ မညံ့ဘူးထင်တာပဲလေ...
ဒါပေမဲ့ ခံစားရတယ်...ဒီမှာ ထိုင်းဆိုင်တော်တော်များများကို တွေ့ရတယ်..ဘာကြောင့်ပဲ ကျော်ကြားကျော်ကြား ထိုင်းနိုင်ငံလို့ ပြောရင် သိကြတယ်...မြန်မာဟာ ထိုင်းနိုင်ငံနားမှာလို့ ပါးစပ်က ဘယ်လိုမှ ပြောမထွက်ဘူး..မြန်မာကို မသိဘူးလို့ ပြောရင် တရုတ်နဲ့ နီးတယ်လို့ပဲ ပြောမိနေတယ်..ဆရာက စင်္ကာပူကလာတဲ့ ကျောင်းသူ အဖြစ် မိတ်ဆက်ပေးတဲ့အခါ ငါက စင်္ကာပူမှာနေတဲ့ မြန်မာပါလို့ ၀ံ့ကြွားစွာ ပြောမိတယ်..မြန်မာ တစ်ယောက် ဖြစ်ရတာ အတွက် မသိမ်ငယ်ပါဘူး..
ဒါပေမဲ့ ဒါပေမဲ့ပေါ့လေ.စိုင်းထီးဆိုင်ဆိုခဲ့တဲ့ မန္တလေးရောက် ရှမ်းတစ်ယောက် ဆိုသလိုပဲ...လန်ဒန်ရောက် မြန်မာတစ်ယောက်အနေနဲ့ ၀မ်းနည်းမိတာတော့ အများကြီး ရှိတယ်...ဘာတွေကြောင့် မြန်မာနိုင်ငံက နောက်ကျန်နေရစ်ရတာလဲ..အားလုံးနဲ့ ရင်ပေါင်မတန်းနိုင်ရင်တောင် အာရှမှာတောင် ဘာလို့ နောက်ကျန် နေရတာလဲ.၀မ်းနည်းမိတယ်..
တကယ်တော့ အဲအတွက် တာဝန်အရှိဆုံးလူက ကိုယ်တိုင်ပါပဲ...ကိုယ်သာ ဒီထက်ထူးချွန်ခဲ့မယ်ဆိုရင်...အနဲဆုံး ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် မြန်မာဟာ ဘာလဲလို့ ပြသနိုင်ခဲ့မှာပါ။
ကိုယ့်ရှေ့က မြန်မာတွေက တာဝန်ကျေပါရဲ့နဲ့ ကိုယ်တွေကျမှ ညံ့နေရတာကို ရင်နာမိတယ်.. တစ်နေ့မှာတော့ မင်းအတွက် တာဝန်ကျေချင်ပါတယ်..မြန်မာနိုင်ငံရယ်....ဘယ်လိုပဲဖြစ်နေပါစေ..မင်းဟာ ငါ့အိမ်လေးပဲ...မင်းအတွက် ငါတာဝန်မကျေနိုင်သေးတာအတွက် ရင်ထဲမှာ နင့်နေအောင် အကြွေးတစ်ခု တင်နေသလို ခံစားရပါတယ်..မင်းအတွက် တာဝန်ကျေစေဖို့ ငါကတိပေးပါတယ်...
No comments:
Post a Comment