ငယ်စဉ်က
ကလေးလေး ဘ၀ဟာ
ပျော်ပါးဖို့ရာ လွယ်ပါတယ်..
ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ
စားချိန်မှာ ၀င်စားမယ်
အိပ်ချိန်မှာ ၀င်အိပ်မယ်
အပူအပင်ကင်းတဲ့ကလေးလေးဘ၀ကို
တစ်ခါ ပြန်ပြီး ရချင်သေးတယ်...
အပြစ်မရှိတဲ့ ကလေးလေးဘ၀ကို တစ်ခါ ပြန်ပြီး ရောက်ချင်သေးတယ်
ဟိုစဉ်က
လွတ်လပ်မှုဟာ
ခုများ ပျောက်လို့ နေပါပြီ...
သံယောဇဉ်နဲ့ တုတ်နှောင်မြဲခဲ့
သွားချင်ရာကို မသွားနိုင်
လုပ်ချင်ရာကို မလုပ်နိုင်
အပူအပင်ကင်းတဲ့ ခလေးလေးဘ၀ကို
တစ်ခါ ပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို
တစ်ခါ ပြန်ပြီး ရောက်ချင်သေးတယ်........
ဖြူစင်တဲ့ နှလုံးသားလေးဟာ
အရောင် အမျိုးမျိုး စွန်းထင်းနေပြီ
ဆန္ဒလွန်ကဲ စိတ်အလို လိုက်လွဲ
အသုံးမ၀င်တဲ့ နောင်တတွေ
လှုံ့ဆော်ကာ ကြေကွဲနေ
အပူအပင်ကင်းတဲ့ ခလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်.........
No comments:
Post a Comment