Monday, October 27, 2008

Snow In The Summer

We think we are important. That is a delusion.

We should do what we can without expecting that people will remember what we have done for them.

You try hard to be kind to people. You have too much concern about other people's practice. You will not be at peace if you go on doing that.

"Giving others the freedom to be stupid is one of the most important and hardest steps to take in spiritual progress". (Sayadaw U Jotika)

Friday, October 24, 2008

All Talk And No Action

မနေ့က ငြင်းခုန်မှုဆန်ဆန် ဘာသာရေးအကြောင်း ဆွေးနွေးပွဲတစ်ခု သူငယ်ချင်းတွေကြားမှာ ဖြစ်သွားခဲ့တယ်။ ဘာကို စိတ်ညစ်သွားမှန်း မသိပဲ စိတ်ရှုပ်သွားတာပဲ ခံစားလိုက်ရပြီး စိတ်ညစ်ရခြင်းအကြောင်းရင်းကို ဒီနေ့မှ တိတိကျကျ သိလိုက်တယ်။
ဆွေးနွေးခြင်းကနေ အတွေးတွေ အများကြီး ရနိုင်တယ်၊ ဆွေးနွေးခြင်းနဲ့အဖြေရှာဆိုပေမဲ့ လက်တွေ့မပါနိုင်တဲ့ ဆွေးနွေးပွဲတွေရဲ့ တန်ဖိုးကို သံသယ ၀င်မိတယ်။ တစ်ခါတစ်လေမှာ ဒီလိုပွဲတွေဟာ ကိုယ့်ရဲ့ တတ်သိခြင်းကိုပဲ ပြတဲ့ ပွဲတွေများ ဖြစ်နေမလားလို့ စဉ်းစားမိတယ်။ အမှား၊ အမှန်ဆိုတာ အချိန်နဲ့ အမျှ ပြောင်းလဲနေတာပဲ မှလား။ ဆွေးနွေးခြင်းရဲ့ နောက်က လက်တွေ့ လုပ်ဆောင်ချက်မပါနိုင်ရင် လက်တွေ့ လုပ်နေသူတွေကို စော်ကားရာ မရောက်ဘူးလား။ ဘာသာရေးဆိုတာကို လက်တွေ့ မကျင့်သုံးနိုင်သေးခင် ဘာသာရေးကို ဝေဖန် နေတာ မှန်ရဲ့လား။

Sunday, October 19, 2008

The wood is lovely, dark and deep
But I have promises to keep
And I have miles to go before I sleep
And I have miles to go before I sleep ....

စင်္ကာပူနိုင်ငံလေးက ကိုယ့်အတွက် ခန နားခိုစရာ အိုအေစစ်လေးဖြစ်ပေမဲ့
တည်ရမဲ့ ကတိတွေနဲ့ သွားရမဲ့ ခရီးမိုင်တွေ အတွက်
တစ်နေ့တော့ အရောက်ပြန်လာခဲ့မယ် မြန်မာပြည်ရယ်....
နွေးထွေးစွာ မကြိုဆိုဘူးဆိုရင်တောင် မရက်စက၊်မစိမ်းကားဖို့ ဆုတောင်းပါတယ်။
တစ်နေ့တော့ ကိုယ် အရောက်ပြန်လာခဲ့မယ်...
မဝေးတော့တဲ့ အချိန်အတွင်းမှာပေါ့။
အမေ မရှိတော့တဲ့ အမေ့အိမ်လေးမှာ အဖေရှိနေအုန်းမယ်ဆိုရင်
မင်းကိုယ့်အတွက် တာဝန်ကျေတာပါပဲ မြန်မာပြည်ရယ်။
ကို်ယ် မင်းဆီပြန်ရောက်မလာခင် ကိုယ့်အဖေ နေကောင်းကျန်းမာစေဖို့
တာဝန်ကျေပေးပါ မြန်မာပြည်ရယ်။

Tuesday, October 14, 2008

Singapore-Chinese Speaking-And-Me

စင်္ကာပူနိုင်ငံမှာ နေမယ်လို့ စဉ်းစားရင် တရုတ်စကားကို တတ်ထားသင့်သလို ဖြစ်နေတာကလဲ ကျွန်မအတွက်တော့ စိတ်ပျက်စရာပဲ။ အင်္ဂလိပ် စကားကို ရုံးသုံးအဖြစ် သတ်မှတ်ထားပေမဲ့ အများစုက တရုတ်စကားကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ပြောချင်ကြတယ်။ ကျွန်မတို့ ရောက်ခါစက အဲ့အတွက် တော်တော်လေး စိတ်ပျက်ခဲ့ဖူးတယ်။ ဒီကြားထဲ တရုတ်သွေး တစ်မက်လောက်ပါတဲ့ အမျိုးတွေကလဲ တရုတ်စကားကို သိပ်အထင်ကြီး နေတော့ သူတို့ကို အမြင်ကတ်၊ အရွဲ့တိုက်လိုတဲ့ စိတ်နဲ့ တရုတ်စကားကို သင်ဖို့ လုံးဝ မကြိုးစားတော့ဘူး။
ကျွန်မက လူအများစု အထင်ကြီးတဲ့ အရာဆို နဲနဲတော့ ဆန့်ကျင်လိုက်ရမှ နေသာထိုင်သာရှိတဲ့ အကျင့်ဆိုး ရှိတယ်။ ဥပမာ မြန်မာပြည်မှာ ကျောင်းတတ် တုန်းကလဲ လူကြီးသမီးတစ်ယောက်ကို သူများတွေက ၀ိုင်းဖားနေလို့အမြင်ကတ်စိတ်နဲ့ စကားမပြောပဲ နေခဲ့ဖူးတယ်။ ဟိုကလဲ ကိုယ့်ကို ဘာမှ လုပ်တာ မဟုတ်ပဲနဲ့လ။ တော်တော်ဆိုးတဲ့ အကျင့်ပဲ။ အဲလိုဖြစ်တဲ့စိတ်က တကယ်တော့ မှန်ကန်မှု မရှိဘူးဆိုတာ အခု အချိန်မှာ ဆင်ခြင်မိတယ်။ လူကြီးသမီးကို စကားမပြောတာ အကြောင်းမဟုတ်ပေမဲ့ တရုတ်စကား သင်ဖို့ ငြင်းဆန်မိတာကိုတော့ အမှန်ဝန်ခံရရင် ခုချိန်မှာ နောင်တနဲနဲ ရချင်တယ်။ ကိုယ်နဲ့တွဲတဲ့ စလုံးသူငယ်ချင်းတွေက အများအားဖြင့် အင်္ဂလိပ်လိုပဲ ပြောကြဆိုကြတယ်။ ကိုယ်တို့အဖွဲ့မှာက ကိုယ်အပါအ၀င် တရုတ်စကား မပြောနိုင်တဲ့ နိုင်ငံခြားသား (၂)ယောက်ပါနေတာလဲ ပါတာပေါ့။
ကိုယ့်အမြင်အရတော့ လူငယ်တွေ ဆက်ဆံတဲ့ အခါ ဘာသာစကားက သိပ်တော့ အရေးမပါလှဘူး။ ဒါပေမဲ့ အပြင်လူတွေ (အထူးသဖြင့် အသက်ကြီးတဲ့လူတွေ) နဲ့ ဆက်ဆံတဲ့အခါ တရုတ်စကားတတ်ထားတဲ့ သူတွေက ပိုတော့ အကျိုးရှိတာအမှန်ပဲ။ တစ်ချို့အကြောင်းအရာတွေကို လူကြီးတွေ သိအောင် ရှင်းပြချင်တဲ့အခါမျိုးမှာ ဘာသာစကားက သူတို့ကို ရှေ့ပို့ပေးလိုက်သလို ဖြစ်သွားတယ်။
တကယ်တော့ တရုတ်စကားကို ထူးပြီး အထင်ကြီးစရာ မလိုပေမဲ့ အပိုဘာသာစကား အဖြစ်တော့ တတ်ထားသင့်တယ်။ ဘယ်ဘာသာမဆို သိထားရင် ကောင်းတာပါပဲ။ ဘာသာစကားများများ ပြောနိုင်လေ နိုင်ငံတကာမှာ များများ ၀င်ဆံ့နိုင် လေပေါ့။ အမိမြန်မာစကားနဲ့ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောနိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်လာတဲ့ တစ်နေ့ကျရင် တရုတ်စကားကိုလဲ သင်သင့်ပါတယ်။
This is to remind myself.

Congratulations for your first born child!


I just heard you gave birth a baby son at 2 pm.
Congratulations, friend!

This is for him. I will pass real one with my dad!

Enjoy the moment!

Monday, October 13, 2008

Kalman Filtering

Kalman Filtering is one of the well-established methods in objects tracking. The basic jargons used in this method are:
1) state variables (these represent the current properties of the interested object)
2) measurement (this refers to actual measurements obtained from objects detection)
3) white noise (this refers to unwanted information obtained from objects detection (eg. noises due to illumintation changes, errors due to unaccurated detection, etc).

Good Link: http://www.innovatia.com/software/papers/kalman.htm

Sunday, October 12, 2008

I miss you, may may!

တိုက်ဆိုင်မှုတွေ ကြုံလာတိုင်း
လွန်ခဲ့တဲ့ ၂ နှစ်က အဖြစ်အပျက်ကို
ခုချိန်ထိ သတိရနေဆဲပဲ
မေမေ့ကို လွမ်းနေဆဲပဲ
မေမေ...

ဖုန်းထဲက တဆင့် ဖြတ်သန်းလာတဲ့ အမင်္ဂလာ စကားကို လက်ခံနားဆင်ရတဲ့ အဖြစ်ဟာ သိပ်ကို နာကျင်ခံစားရတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က အဖြစ်အပျက်က ခုချိန်ထိ ကိုယ့်ကို ထိခိုက်နာကျင်နေဆဲပဲ။ တိုက်ဆိုင်မှုတွေ ကြုံလာရတိုင်း နာနာကျင်ကျင် ခံစားနေရဆဲပဲ မေမေရယ်။

Wednesday, October 8, 2008

How to write Papers?

1) Wrtie down one central contribution
2) Organzie the paper in 'triangular form'


Tuesday, October 7, 2008

Jargons in My Research

Machine Vsion: Machine vision (MV System) is the application of computer vision to industry and manufacturing.

Objects Detection vs Segmentation: I feel object detection has a semantic meaning compared to segmentation. My definition for them: "Segmentation groups pixels which have same properties(for example intensity) together while objects detection detect interested particular objects.
For example,
1) moving objects detection will detect and group pixels which have different intensities value from backgroud.
2) template matching will detect an object which has same (similar shape/properties) of template from database

Object Tracking: Object tracking establish correspondene between detected objects from frame to frame. In other words, tracker assigns consistent lables to the detected objects in different frames. In my personal view, tracking can be defined
1) as the problem of estimating the trajectory of a moving object (that is: we find the correspondence between detected object in two different frames by estimating the trajectory of that particular object). (mean-shift ??)
2) as the problem of finding similar properties in the next consecutive frame using the properties of detected objects in the current frame (contour evolution ??)

Monday, October 6, 2008

PhD ဘယ်မှာ လုပ်ကြမလဲ

ကိုယ်တိုင် PhD စလုပ်တော့ ရွေးချယ်ခွင့် သိပ်နည်းခဲ့တယ်။ အကြံဥာဏ်တောင်းစရာ လူမရှိခဲ့ဘူး။ ဆရာတွေ ပြောသမျှအပေါ်မှာ နားယောင်ခဲ့ရတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ Junior တွေအတွက် ကိုယ့်ရဲ့ အတွေ့အကြုံ၊ အမြင်လေးတွေကို ဝေမျှပေးချင်ပါတယ်။ Local PhD ဟာ Local ကျောင်းဆင်းတွေအတွက် အလွယ်ဆုံး ရွေးချယ်မှု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဖြစ်နိုင်ရင် oversea သွားဖို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ စင်္ကာပူနိုင်ငံက PhD ကျောင်းဆင်း တစ်ယောက်အနေနဲ့ စင်္ကာပူမှာ နေစရာ သိပ်မရှိ လို့ပါ။ AStar မှာ လုပ်ရင်လုပ်၊ မလုပ်ချင်ရင် University မှာ ပညာရေး post ရဖို့က နဲနဲခက်ပါတယ်။ Poly တွေမှာ လုပ်မယ်ဆိုရင် ဖြစ်နိုင်ပေမဲ့ လုပ်ချင်လိမ့်မယ်လို့ သိပ်မထင်မိဘူး။ အဲလို စဉ်းစားတဲ့ အခါမှာ ထည့်သွင်းစဉ်းစားရမဲ့ အချက်အချို့ကတော့

၁) European နဲ့ US ဘယ်ကို သွားမလဲ။ ယေဘူယျအားဖြင့် ယူရိုနိုင်ငံတွေက သီအိုရီကို ဦးစားပေးပါတယ်။ အခြေခံကျတဲ့ Research ကို ဦးစားပေးပါတယ်။ ကိုယ်စိတ်ဝင်စားရာ Topic တစ်ခုမှာပဲ ထဲထဲဝင်ဝင် သိသွားပြီးPhD ပြီးတဲ့ အချိန်မှာမှ general ကို သိဖို့ မျှော်လင့်ပါတယ်။ US ကတော့ applicationပိုင်းကို ဦးစားပေးပါ တယ်။ general ကနေ narrow ဖြစ်သွားတဲ့ တြိဂံပုံစံကို အခြေခံပါတယ်။ (ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်သာဖြစ်တဲ့ အတွက် အမြင်မတူတာ ရှိကောင်းရှိနိုင်ပါတယ်)

၂) ဆရာ ဘယ်လို ရွေးချယ်မလဲ။ PhD တစ်ခု ရနိုင်ဖို့ supervisor တစ်ယောက်ရဲ့ အခန်းက သိပ်အရေးပါ ပါတယ်။ ဆရာက နံမည်ကြီး(အသက်ကြီး)တယ်ဆိုရင် သူ့ဆီကနေ နည်းပညာပိုင်းဆိုင်ရာ အကူအညီရဖို့က မဖြစ်နိုင်သ လောက်ပါပဲ။ အထူးသဖြင့် ဒီနိုင်ငံက university ဆရာတွေက ပိုဆိုးပါတယ်။ သူတို့မှာ admin အလုပ်တွေနဲ့ ရှုပ်နေတဲ့အတွက် ကျောင်းသားကို နည်းပညာပိုင်း အကူအညီ မပေးနိုင်သလောက်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့နံမည်ကို ကိုယ့်ရဲ့ Paper မှာ ပါခြင်းအားဖြင့် နံမည်ကြီး ဂျာနည်တွေမှာ ပါဝင်နိုင်ပါတယ်။ သူတို့ရဲ့ ရှိထားတဲ့ အတွေ့အကြုံပေါ်ကို မူတည်ပြီး အကြံဥာဏ်ကောင်းတွေ ပေးနိုင်ပါတယ်။

ဆရာက လူငယ်ပိုင်း ကြိုးစားတဲ့ ဆရာ (နံမည် တက်စ) ဆိုရင် နည်းပညာပိုင်းဆိုင်ရာ အကူအညီ အများကြီး ရနိုင်ပါတယ်။ အတွေ့အကြုံ နည်းသေးပေမဲ့ သူ့ရဲ့ ကြိုးစားချင်စိတ်အရ ကိုယ့်အတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုက သူ့ရဲ့ အောင်မြင်မှုလဲ ဖြစ်နေတာမို့ ကိုယ့်ကို အလေးထားပြီး ဂရုစိုက်ပါလိမ့်မယ်။ တစ်ဘက်ကလဲ ဒါတွေကြောင့်ပဲ ကိုယ့်အပေါ်မှာ ဖိအား ပေးကောင်း ပေးနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ကို နေရာ သိပ်မပေးတာ (အထူးသဖြင့် အထက်လူကြီးတွေနဲ့ ဆက်ဆံတဲ့အခါ) ကြုံရနိုင်ပါတယ်။ အဆိုးနဲ့ အကောင်း ဒွန်တွဲနေတာပါပဲ၊ ကိုယ့်ရဲ့ စရိုက်နဲ့ ကိုက်တဲ့ဆရာကို ရွေးချယ်ရမှာပါပဲ။

Sunday, October 5, 2008

ပြောဖြစ်ခဲ့သော စကားဝိုင်း တစ်ခုနှင့် ဆင့်ပွားမိသော အတွေးစများ

သနားခြင်းဆိုတာ အထင်သေးခြင်းနဲ့ ဒွန်တွဲနေတတ်တယ်။ ပါးစပ်က သနားတယ်လို့ပြောတာနဲ့ တပြိုင်နက် မသိစိတ်ထဲမှာ အထင်သေးခြင်း၊ သူတို့ရဲ့ဘ၀ကို နှိမ့်ချခြင်းတွေ ရှိနေတတ်တယ်။

Morality ဆိုတာ လူတစ်ခြင်းစီရဲ့ ကိုယ်ပိုင် စံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့အတွက် General အနေနဲ့ ဆုံးဖြတ်တဲ့ အခါ အမှားအယွင်းတွေ ဖြစ်လာနိုင်တယ်။

Communism ဆိုတာ အစွန်းမရောက်ခဲ့ရင် နိုင်ငံကို ခပ်မြန်မြန်အတွင်း တိုးတက်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။

ကိုယ့်အတွက် ကျေနပ်စရာကောင်းလောက်တဲ့ အောင်မြင်မှုတစ်ခု ရတဲ့အထိ ဒီအဖွဲ့အစည်းအတွင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီးပြီဆိုရင် ကိုယ်ဆက်လုပ်ရမဲ့ အရာတွေက

၁) အပြစ်တင်စကား ဆိုမှုတွေကို လျှော့ချရမယ်။
၂) အားကိုးခံလောက်တဲ့ အရည်အချင်းရှိတယ်ဆိုတာ လူကြီးတွေ သိအောင် တင်ပြနိုင်ရမယ်။
၃) ကိုယ်ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင်အသိအမှတ် ပြုနိုင်ရမယ်။ တစ်ပါးသူ သိအောင်လဲ တင်ပြနိုင်ရမယ်။
၎) အစည်းအဝေးတွေမှာ ဒီထက်ပိုပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို အကြံပေးနိုင်သူ ဖြစ်ရမယ်။
၅) အစည်းအဝေး အသေးဖြစ်စေ၊ အကြီးဖြစ်စေ ကြိုတင်ပြင်ဆင်မှု ရှိရမယ်။

Oct ၃ ရက်နေ့ ညနေ သူငယ်ချင်း(၅) ယောက် စကားဝိုင်း
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~