Sunday, October 5, 2008

ပြောဖြစ်ခဲ့သော စကားဝိုင်း တစ်ခုနှင့် ဆင့်ပွားမိသော အတွေးစများ

သနားခြင်းဆိုတာ အထင်သေးခြင်းနဲ့ ဒွန်တွဲနေတတ်တယ်။ ပါးစပ်က သနားတယ်လို့ပြောတာနဲ့ တပြိုင်နက် မသိစိတ်ထဲမှာ အထင်သေးခြင်း၊ သူတို့ရဲ့ဘ၀ကို နှိမ့်ချခြင်းတွေ ရှိနေတတ်တယ်။

Morality ဆိုတာ လူတစ်ခြင်းစီရဲ့ ကိုယ်ပိုင် စံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့အတွက် General အနေနဲ့ ဆုံးဖြတ်တဲ့ အခါ အမှားအယွင်းတွေ ဖြစ်လာနိုင်တယ်။

Communism ဆိုတာ အစွန်းမရောက်ခဲ့ရင် နိုင်ငံကို ခပ်မြန်မြန်အတွင်း တိုးတက်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။

ကိုယ့်အတွက် ကျေနပ်စရာကောင်းလောက်တဲ့ အောင်မြင်မှုတစ်ခု ရတဲ့အထိ ဒီအဖွဲ့အစည်းအတွင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီးပြီဆိုရင် ကိုယ်ဆက်လုပ်ရမဲ့ အရာတွေက

၁) အပြစ်တင်စကား ဆိုမှုတွေကို လျှော့ချရမယ်။
၂) အားကိုးခံလောက်တဲ့ အရည်အချင်းရှိတယ်ဆိုတာ လူကြီးတွေ သိအောင် တင်ပြနိုင်ရမယ်။
၃) ကိုယ်ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင်အသိအမှတ် ပြုနိုင်ရမယ်။ တစ်ပါးသူ သိအောင်လဲ တင်ပြနိုင်ရမယ်။
၎) အစည်းအဝေးတွေမှာ ဒီထက်ပိုပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို အကြံပေးနိုင်သူ ဖြစ်ရမယ်။
၅) အစည်းအဝေး အသေးဖြစ်စေ၊ အကြီးဖြစ်စေ ကြိုတင်ပြင်ဆင်မှု ရှိရမယ်။

Oct ၃ ရက်နေ့ ညနေ သူငယ်ချင်း(၅) ယောက် စကားဝိုင်း

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~