Thursday, December 2, 2010

အမှတ်တရ နေ့လေးများ

၁၉၉၉
ဟင့်အင်း မဖြစ်ရပါဘူးကွယ်.. ကိုယ် ညီမအရင်းလို သိပ်ချစ်ရတဲ့ ဒီသူငယ်ချင်းလေးက ရည်းစားရသွားပြီတဲ့လား…


အတွေးနဲ့ ကိုယ့်မျက်ဝန်းတွေ ချက်ချင်းပဲ ၀ါးလာတယ်.. ရှေ့မှာ စာသင်နေတဲ့ ဆရာမရဲ့ မျက်နှာကို မမြင်တော့ဘူး..

တမနက်လေး တမနက်လေးပါပဲကွယ်…. ကိုယ် မြို့ထဲကို ကိစ္စရှိလို့ သွားတဲ့ ခနအတွင်းမှာ သူမက ချစ်သူ ရသွားခဲ့ပြီတဲ့လား.. ကိုယ့် နံမည်ကို တဖွဖွ ခေါ်နေတဲ့ သူငယ်ချင်းလေးကို စကားတခွန်းမှ ပြန်မပြောပဲ နေရာက ထထွက်လိုက်မိတာ.. ကိုယ် ငိုမိမှာ ကြောက်မိလို့ပါ သူငယ်ချင်းရယ်..

၂၀၀၀
သူမရဲ့ ကိုကိုတို့ အဆောင်ရှေ့မှာ သီချင်းလာဆိုကြတယ်.. တံခါးကို စောင့်ပိတ်လိုက်တဲ့ သူငယ်ချင်းမလေးရဲ့ လက်ကို ခိုင်းမိသွားတယ်.. သူမ ငိုနေတယ်.. မပျော်ဘူးလား သူငယ်ချင်းရယ်..

သူမ ရွေးချယ်ခဲ့တဲ့ လူတယောက်ရဲ့ သတင်းတွေက နားနဲ့ မဆန့်အောင် ကြားနေရ တယ်.. သူ ဆိုးခဲ့တာတွေ.. သူမအရင် တခြား မိန်းကလေးတွေကို ကြိုးစားခဲ့ဖူး တာတွေ.. ဒါတွေ ကြားတော့ ကိုယ့် နှလုံးသားမှာ နာကျင်ရတယ်..
သိပ်ကို ဖြူစင်တဲ့ အချစ်ဆုံး သူငယ်ချင်းလေးမို့ သူမကို ပျော်ရွှင်စေချင်တယ်..

ကိုယ် မှားသွားခဲ့သလား.. သူမချစ်သူရဲ့ ချစ်ခြင်းအပေါ် သံသယ ၀င်ခဲ့မိတာ ကိုယ်မှားခဲ့ သလား.. အမှန်တော့ ကိုယ့် စိတ်ထဲမှာ သူငယ်ချင်းလေးက ဖြူစင်လွန်းတယ်လေ.. သူမကို တခြားလူ တယောက် နမ်းတယ်ဆိုတာကို (သူမက ဖြူစင်ရိုးသွားစွာ ပြန်ပြောခဲ့ပေမဲ့) ကိုယ် ဘယ်လို မှ သည်းမခံနိုင်ခဲ့ဘူး.. တကယ်တော့ သူမက ကိုယ့်ညီမလေး တယောက်ပါ..

နားလည်မှုတွေ လွဲမှားနေတဲ့ သူမတို့ နှစ်ယောက်ကို ကြားဝင် စေ့စပ်ဖို့ မကြိုးစားပဲသူမ လုပ်ချင်သမျှကို တိုက်တွန်းအားပေးခဲ့မိတာ.. သူမတို့ ၂ ယောက်ကို လမ်းခွဲဖို့ ဖြစ်တော့ တားမြစ်ရမဲ့အစား အားပေးခဲ့မိတာ ကိုယ့်ကို ခွင့်လွှတ်ပေးပါ သူငယ်ချင်းရယ်.. တကယ်တော့ ကိုယ်ဟာ ပညာရေးက လွဲရင် ဘာမှ သိပ်မသိတဲ့ ခပ်ညံ့ညံ့ မိန်းကလေး တယောက်ပါ။

 ၂၀၀၁
နိုင်ငံခြား ပညာတော်သင်ဆုတဲ့.. မပျော်ဘူးလို့ ကိုယ် ပြောရင် လူတွေ ယုံနိုင်ပါ့မလား။ ခွဲခွာရမဲ့ အချိန်တွေ အတွက်၊ ရင်ဆိုင်ရမဲ့ အခက်အခဲတွေ အတွက် ၀မ်းသာတာထက် ကိုယ် မျက်ရည် အကြိမ်ကြိမ် ကျခဲ့ရတယ်။ လိုအပ်သမျှ အနားကနေ ဖြည့်ဆည်းပေးခဲ့တဲ့ သူငယ်ချင်းတွေကြောင့် ကိုယ့် ခရီးစဉ် ချောမွေ့ခဲ့ရတယ်။

ဒီနိုင်ငံမှာ အခက်အခဲ  အမျိုးမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ကိုယ် အလွမ်းဆုံးလူသားတွေထဲမှာ သူမက ထိပ်ဆုံးကဆိုရင် သူမ ယုံနိုင်ပါ့မလား။ နေ့စဉ် နေ့တိုင်း မဟုတ်ရင်တောင် တိုက်ဆိုင်မှု ရှိတိုင်း၊ သူမကို လွမ်းစိတ်နဲ့ မျက်ရည်ကျခဲ့ရတယ်။

အဲဒီအချိန်မှာပဲ. ကိုယ် ကြားလိုက်ရတာ သူမနဲ့ သူမရဲ့ ချစ်သူ ပြန် ပြေလည်သွားပြီတဲ့.. ။
ကိုယ် ၀မ်းနည်းရမှာလား.. သူမအတွက် ၀မ်းသာရမှာလား ဝေခွဲမရဖြစ်ခဲ့ရတယ်။ သူမတို့ရဲ့ စစ်မှန်တဲ့ချစ်ခြင်းတွေအတွက် သူမရဲ့ကွယ်ရာမှာ ၀မ်းသာမိပေမဲ့ သူမနဲ့ ဖုန်းပြော ဖြစ်တဲ့အခါ၊ စာတွေ ရေးဖြစ်တဲ့ အခါ ကလေးစိတ်နဲ့ သ၀န်တို ခဲ့မိတယ်။

အဲဒါဟာ သူငယ်ချင်းလေးကို သိပ်ချစ်လို့ပါဆိုတာ ခုချိန်မှာ သူမကို ၀န်ခံချင်ပါတယ်။ သူမရဲ့ ကိုကို့ကိုလဲ အားနာစိတ်နဲ့ အတူ တောင်းပန်ချင်တယ်။ သူမရဲ့ကိုကို့အပေါ်မှာ အပြစ်မြင်တာထက် သူငယ်ချင်းကို ချစ်စိတ်ကြောင့် သူ့ကို မကြည်ဖြူ ဖြစ်ခဲ့ရတာပါ။

၂၀၀၂
ပြန်ဆုံရတော့မယ်ဆိုတော့ ကိုယ် ညအိပ်လို့ မရအောင် ပျော်ခဲ့မိတယ်။ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် အပြင် သူမရဲ့ ကိုကိုကိုပါ တွေ့ရမယ်ဆိုတော့ သူမရဲ့ ကိုကို အပေါ်မှာ အားနာတဲ့စိတ်နဲ့ မျက်နှာ ပူနေမိတယ်။ ဒါပေမဲ့ သူငယ်ချင်းကို ၀န်တိုတဲ့ စိတ်၊ စကားနာ ထိုးချင်တဲ့ စိတ်ကတော့ ကျန်နေတုန်းပါပဲ။ ကိုယ်ဟာ တော်တော်လေး ဆိုးခဲ့၊ မသိတတ်ခဲ့ဘူးနော်..

၂၀၀၃ -- ၂၀၁၀
ကိုယ် လိုအပ်တိုင်း ကိုယ့်ဘေးမှာ သူမ ရှိနေခဲ့တယ်။ အခက်အခဲ ကြုံတဲ့ အချိန်တိုင်း ကိုယ့် ဆီကို အရောက်လာခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်။ သူမဘက်က မရည်ရွယ်ပဲ ပြုလိုက်တဲ့ အပြုအမူတွေအတွက် ကြည်နူးစွာ မျက်ရည်ကျ ခဲ့ရပါတယ်။သူမရဲ့ ကိုကို့ ကိုလဲ ကျေးဇူးတင်မိတယ်။ ကိုယ်နဲ့ ပတ်သတ်လာတိုင်း ကိုယ့်အပေါ် ဦးစားပေး ဆက်ဆံ ပေးခဲ့တဲ့ သူငယ်ချင်းလေးကို ကျေးဇူးတင်မိတာနဲ့ အမျှ သူမကို နားလည်ပေးတဲ့ သူမရဲ့ ကိုကို့ကိုလဲ အားနာစွာ ကျေးဇူးတင်မိတယ်။
ကိုယ်တို့နဲ့ ဆုံရင် စကားနည်းလွန်းတဲ့ သူမဟာ တခြားလူတွေနဲ့ဆိုရင် သူမရဲ့ ကိုကို့ အကြောင်းကို ညမအိပ်တမ်း ပြောပြတတ်သတဲ့။ ဒါတွေ ကြားရတော့ သူမကို သနားမိ တယ်။ သူမတို့ ၂ ယောက် ရဲ့ ချစ်ခြင်းအတွက်လဲ ၀မ်းသာ ကြည်နူးမိပါတယ်။

၂၀၁၁
သူမတို့ ၂ ယောက် လက်ထပ်တော့မယ်.. ကိုယ် ပျော်တယ်၊ ၀မ်းသာတယ်။ ကြည်နူးတယ်။
ဆယ်စုနှစ် တခု ချစ်ခဲ့ကြတဲ့ သူမတို့ ၂ ယောက်ရဲ့ ခိုင်မြဲတဲ့ အချစ်အတွက်လဲ ၀မ်းမြောက် မိတယ်။
ဒီမင်္ဂလာပွဲကို တက်ရောက်ခွင့် မကြုံပေမဲ့ မဝေးလှတဲ့ ကာလတခုမှာ ကိုယ်တို့တွေ ပြန်ဆုံ ကြအုန်းမယ်လို့ မျှော်လင့်မိပါတယ်။…

သူမ ပျော်ရွှင်ပါစေ………….

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~