Wednesday, November 24, 2010

New Zealand သို့ အလည်တခေါက် (၄)

New Zealand သို့ အလည်တခေါက် (၁)
New Zealand သို့ အလည်တခေါက် (၂)
New Zealand သို့ အလည်တခေါက် (၃)
ကွန်ဖရင့်ရဲ့ စတုတ္ထနေ့......... ကိုယ်တို့တွေကို Skyline Gondola စားသောက်ဆိုင် ကွန်ဖရင့် ညစာနဲ့ တည်ခင်း ဧည့်ခံတယ်။

ဓါတ်ပုံမှာ မြင်နေရတဲ့ တောင်ကုန်းရဲ့ ထိပ်ဖျားမှာပေါ့။ ဒီတောင်ခြေကနေ ထိပ်ဖျားကို ပုံမှာ ပြထားတဲ့ Gondola (စင်္ကာပူ အခေါ် cable car ) နဲ့ တက်ရပါတယ်။

ပင်လယ်ရေပြင် အထက် ၇၆၂မီတာ (queenstown မြို့လေးရဲ့ ၄၅၆ မီတာ) အမြင့်ကို ရောက်ပါပြီ။ ဒါက ကားထဲကနေ မြို့ကို လှမ်းမြင်ရတဲ့ ရှုခင်းပါ။


တောင်ထိပ်ကို ရောက်ပါပြီ။ ဒါကတော့ တောင်ထိပ်ကနေ တောင်ခြေကို မြင်ရတဲ့ပုံပါ။


ဒီမှာ စားသောက်ဆိုင်၊ အမှတ်တရ ပစ္စည်းရောင်းတဲ့ဆိုင်အပြင် Luge စီးဖို့ နေရာလဲ ရှိပါတယ်။ Luge ရဲ့ ပြေးပတ်လမ်းကတော့ မီတာ ၈၀၀ ရှိပါတယ်။ Luge စီးမဲ့နေရာကို ရောက်ဖို့ကတော့ လူ ၂ ယောက်ပဲ စီးလို့ ရတဲ့ ရွေ့လျား ခုံလေးတွေနဲ့ ထပ် တက်ရပါတယ်။


Luge စီးရမဲ့ နေရာကို ရောက်ပါပြီ။ မီတာ (၈၀၀) ပြေးပတ်လမ်းမှာ အကွေ့အပတ်တွေလဲ များပါတယ်။ ပျော်စရာ၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကစားနည်း တမျိုးပါပဲ။ Luge စီးပြီးတော့ ပျော်ပျော်ရွှင်ရွှင် အမှတ်တရ Luge ကြပါတယ်။


No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~