မှူခင်းတွေကို စိတ်ဝင်စားတဲ့လူတစ်ယောက်အနေနဲ့ ဒီအကြောင်းအရာတွေကိုပဲ ရွေးဖတ်နေမိလို့လားမသိဘူး။ စင်္ကာပူမှာ ခုတလော မှူခင်းတွေပိုများလာသလိုပဲ။ တိုက်မှုခိုက်မှုဆိုတာထက် လူသေမှု၊ လူသတ်မှုတွေ ပိုများလာတယ်လို့ ထင်မိတယ်။
လက်ထပ်ပြီးစ သတို့သား သေဆုံး
လက်ထပ်ပြီးစ သတို့သားဟာ လက်ထပ်တဲ့ညမှာပဲ ဟိုတယ်က ရေကန်ထဲကို ပြုတ်ကျ သေဆုံးသွားခဲ့တယ်။ သတင်းစာ ထဲမှာတော့ ၂၁ ထပ်ကပဲ ပြုတ်ကျသလိုလို ရေးထားတယ်။ သူတို့တည်းတဲ့နေရာက ၁၀ ထပ်ဆိုတော့ ..ဒီ ၂၁ ထပ်ကို ဆေးလိပ်သောက်ဖို့ တက်သွားသလိုလို ရေးထားတယ်။ ဒါပေမဲ့ မသေချာတဲ့ ကောလဟလတွေအရ ဒီလူက သတ်သေတာလို့ ပြောကြတယ်။ မှုခင်းကို စစ်နေလိုက်နေရတဲ့ လူရဲ့ အသိုင်းအ၀န်းက ထွက်လာတာမို့ မှန်ဖို့ သေချာသလောက် ရှိတယ်။ သို့သော် စင်္ကာပူ သတင်းစာတွေ မှာ ဒီအကြောင်းအရာကို တင်ပြခွင့် ရပါ့မလား စောင့်ကြည့်ရအုန်းမယ်။
ကိုယ့်သားသမီးကို သတ်တဲ့ အဖေ
မနေ့က Ang Mo Kio မှာ တိုက်ခန်းတစ်ခုကို မီးရှို့မှု ဖြစ်သွားခဲ့တယ်။ ရဲတွေ ရောက်လာချိန်မှာတော့ တိုက်ခန်းအောက်ခြေမှာ လူတစ်ယောက်ကို တွေ့ရတယ်လို့ ဆိုတယ်။ မီးလောက်ကျွမ်းနေတဲ့ တိုက်ခန်းကို တက်ကြည့်တော့ အခန်းထဲမှာ သေဆုံးနေတဲ့ ၅ နှစ် အရွယ် ကောင်လေးတစ်ယောက်နဲ့ ၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့ရတယ်။ သားသမီးတွေ ကို မီးရှို့ သတ်ပြီး ကိုယ့်ကိုယ်ကိုတော့ တိုက်ပေါ်က ခုန်ချ သတ်သေသွားခဲ့တယ်လို့ ယူဆနိုင်တယ်။
ဘာလို့လဲ။ စင်္ကာပူနိုင်ငံက အာရှနိုင်ငံ တစ်ခုဖြစ်ပါလျက်နဲ့ ခုတလော အဖေက သမီးကို မုဒိန်းကျင့်တာတွေ၊ ကိုယ့်သားသမီးကို ပြန်သတ်တာတွေ ကြားနေရတာ စိတ်ပျက်မိတယ်။ အပြင်ပန်းမှာ တည်ငြိမ်နေတယ်လို့ ထင်ရတဲ့ ဒီနိုင်ငံရဲ့ အတွင်းမှာ အခုလို မှုခင်းတွေ ဘာလို့ ဖြစ်နေရတာလဲ။

No comments:
Post a Comment