Sunday, July 19, 2009

သူရဲကောင်း

ဗိုလ်ချုပ် အောင်ဆန်း ဇာနည်ကျော်
ငယ်ငယ်တုန်းက ထိန်လင်းခေါ်

ပညာတော်လို့ တက္ကသိုလ်သွား
လူရည်ချွန်သည့် ကျောင်းတော်သား

စစ်ပညာများ စုံလင်စွာ

ဗိုလ်တေဇဘွဲ့ ခံလို့လာ

မမေ့နိုင်ပါ တို့ဗိုလ်ချုပ်
တကယ်အလုပ်လုပ်........

လွန်ခဲ့တဲ့ ၂၁ နှစ် ဒီလို နေ့ရက်မှာ ဂါဝန်အသစ်လေးကို ၀တ်ထားတဲ့ ကောင်မလေးဟာ အဖွဲ့တစ်ခုရဲ့ ဦးဆောင်သူ အဖြစ် ဒီကဗျာလေးကို အမူအယာနဲ့ ရေရွတ်ရင်း ကဗျာရွတ် ပြိုင်ပွဲ ၀င်ခဲ့ဖူးတယ်။ အဲဒီ အချိန်တုန်း က ဒီကောင်မလေးရဲ့ ရင်ထဲမှာ သူမဟာ တချိန်မှာ ဗိုလ်ချုပ်ရဲ့ ခြေဖ၀ါးအောက်က ခြေမှုန်လေးတစ်ခုလောက် တော့ တာဝန်ကျေပွန်သူ ဖြစ်လာမယ်လို့ အခိုင်အမာ ယုံကြည်ခဲ့ဖူး တယ်။ တိကျတဲ့၊ ရိုးသားတဲ့၊ ထက်မြက်တဲ့၊ မဟုတ်ရင် မခံတတ်တဲ့၊ ခြိုးခြံ ချွေတာတတ်တဲ့၊ နိုင်ငံ အပေါ် စေတနာ အပြည့်ထားတဲ့ နိုင်ငံရေး သမား တစ်ယောက် ဖြစ်တဲ့ ဗိုလ်ချုပ်ကို လေးစားစိတ်နဲ့ တချိန်မှာ ငါလဲ နိုင်ငံအတွက် တာဝန်ကျေသူ ဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့ဖူးတယ်။
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။
မိမိ အတန်းကို ကောင်းအောင် ကြိုးစားမည်။
မိမိ ကျောင်းကို ကောင်းအောင် ကြိုးစားမည်။
မိမိ တိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။

ဒီလေးချက်ကို ယုံယုံကြည်ကြည် ရေရွတ်ရင်း မိမိကိုယ်ကို ကောင်းအောင် ကြိုးစားခဲ့ပါတယ်။ အခက်အခဲတွေ ကြုံလာတိုင်း
“မည်သူ မဆို မည်သူမဆို မကူညီသည် ဖြစ်စေ။ မည်သူမဆို မည်သူမဆို ကူညီသည် ဖြစ်စေ ...ရှေ့သို့သာ သွား သောကြာကြယ် အလားလေ။ ဘ၀ဆိုတာများ နောက်မပြန်နဲ့လေ ..”

ဆိုတဲ့ အဖေရဲ့ သီချင်းနဲ့ အားပေးသံကို နားထောင်ပြီး ကြိုးစားခဲ့ဖူးပါတယ်။

အခုတော့ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားနေတဲ့ အဆင့်ကနေ မတတ်နိုင်တဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက် မိသလို ၀မ်းလဲ နည်းမိပါတယ်။ ဗိုလ်ချုပ်ရဲ့ ခြေဖ၀ါးက မြူမှုန်မျှလောက်ဖြစ်စေ နိုင်ငံအပေါ် ယုံကြည်စွာ စေတနာ ထား စွမ်းဆောင်နိုင်သူ တစ်ယောက် ဖြစ်ရပါလို၏။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~