“နင့် အသက်အရွယ်နဲ့ နင့် ပညာအရည်အချင်းက မျှတနေပြီးသားကို နင် ဘာလို့ ဒီလောက် စိတ်လှုပ်ရှား နေရတာလဲ။ အသက် နှစ်ဆယ့် ခုနှစ်နှစ် အရွယ် မိန်းမတစ်ယောက်နဲ့ အသက်လေးဆယ် အရွယ် မိန်းမ တစ်ယောက်ရဲ့ ဗဟုသုတချင်းတော့ ဘယ်တူနိုင်မလဲ။ ဒါကို အားငယ်စရာ မလိုပါဘူး။ ”
“လူတစ်ယောက်အတွက် အခြားလူတစ်ယောက်က နေရာတကာမှာ လိုက်ပြီး ရှေ့ကနေ ကာကွယ်မပေးနိုင်ဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်တတ်ရမယ်။ကိုယ့်အရည်အချင်းကို သူများက မျက်စိလျှံ မသွားအောင် ချက်ကျ လက်ကျ ပြောတတ်ရမယ်။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ထုတ်ဖော်တတ်ရမယ်။ သူများက ထုတ်ဖော်ပြောပြပေး ဖို့ မမျှော်လင့်နဲ့”
“စံကားဖြူပွင့်က ငါ့အတွက် စိတ်ထိခိုက်စရာ ဖြစ်ပေမဲ့ နင့်အတွက် အိမ်မက်ဆန်တယ်ဆိုရင် ငါ ၀မ်းသာပါတယ်။ တစ်ခုပဲ ရှိတယ်။ အိမ်မက်ကို နှစ်သက်တတ်သူဟာ လက်တွေ့ အမှန်တရားကို တုန်လှုပ်ရတတ်တယ်။”
(မင်းညို...The voice ဂျာနယ်၏ လက်ထောက် အယ်ဒီတာ (သို့) တာဝန်ခံ အယ်ဒီတာ)
“ဘ၀ အတွက်လည်း သိပ်ကြီးကြီးမားမား မမျှော်လင့်ပါဘူး။ ကိုယ် အသက်ရှင်နေတဲ့ ကမ္ဘာမြေကြီးအတွက် မသေခင်မှာ တနည်းနည်းနဲ့ အသုံးတည့်တဲ့သူ၊ အသုံးဝင်တဲ့သူ ဖြစ်နေရင် တော်ပါပြီ”
(ခွန်သာ... အထက်တန်း အောင်၊ မိမိကြောင့် မိခင် အသက်သေဆုံးရသည်ဟူသော နောင်တဖြင့် အသက်ရှင်နေရသူ (သို့) မကျွတ် မလွတ်သေးသော ၀ိညာဉ်)
“ငါက နင့်လို ရည်မှန်းချက်တွေလည်း မကြီးပါဘူး။ လောကကို အများကြီးလည်း မပေးနိုင်ပါဘူး။ လောကဆီ ကလည်း အများကြီး မယူချင်ပါဘူး။ ကိုယ်ချစ်တဲ့သူကိုတော့ ပျော်ရွှင်စေချင်တယ်။ စိတ်ချမ်းသာစေချင်တယ်။ သူစိတ်ချမ်းသာမယ်ဆိုရင် ငါ ဘာပဲလုပ်ရလုပ်ရ လုပ်မယ်။ ဘယ်ကိုပဲ သွားရ သွားရ သွားမယ်။ ငါ့ဘ၀တစ်ခုလုံး သူ့ကို ပေးချင်တယ် ”
(မေဇော်နု...ပြင်သစ်ဘာသာစကား ကျွမ်းကျင်သူ၊ စာကြည့်တိုက်မှုးဖြစ်ရန် ကြိုးပမ်းနေသူ၊ နံမည်ကြီး စာရေးဆရာမတစ်ဦး၏ အတ္ထုပတ္တိကို ရေးရန် အားထုတ်နေသူ)
“ကျွန်တော်လို့အားလုံးဟာ ဘ၀မှာ ရွေးချယ်မှုတွေကို အများကြီး ရင်ဆိုင်ရတယ်။ အဲဒီလို အခါမျိုးမှာ ကျွန်တော်တို့ ပြတ်သားဖို့လိုတယ်။ ဘယ်သူမှ မှားမသွားချင်ကြဘူး။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘ၀မှာ ဘာကို တန်ဖိုးအထားဆုံးလဲ။ ဘာကို အဆုံးရှူံး မခံနိုင်ဆုံးလဲ သိထားဖို့လိုလာတယ်။ ကိုယ် အဆုံးအရှူံးမခံနိုင် တဲ့ အခွင့်အရေးတစ်ခုကို ကာကွယ်ဖို့၊ ဆုပ်ကိုင်ဖို့ လိုတယ်။ တစ်ခုကို ဆုပ်ကိုင်ပြီးသွားရင် အခြားတစ်ခုကို စိတ်မညွတ်နေဖို့လဲ အရေးကြီးပြန်ရော”..
“လူတစ်ယောက်ဟာ ဘ၀မှာ အသက်ရှင် ရပ်တည်ရေးအတွက် ကိုယ်ထူးချွန်ပြောင်မြောက်တဲ့ အလုပ်နဲ့ ၀င်ငွေ ရနေဖို့လည်း လိုတယ်။ ဘ၀ရဲ့ အရသာအတွက် ကိုယ်စိုက်ထူနိုင်တဲ့ မှတ်တိုင်တစ်ခုလည်း လိုတယ်။ ”
“ကျွန်တော်က ယောက်ျားတွေကိုရော၊ မိန်းမတွေကိုရော စံနှုန်းတစ်ခုတည်းနဲ့တိုင်းတယ် မမေဇော်၊ ကျွန်တော့် မှာ ယောက်ျားအတွက် စံနှုန်းက တစ်မျိုး၊ မိန်းမအတွက် စံနှုန်းက တစ်မျိုး မရှိဘူး။ လူသားကျင့်ဝတ် စံနှုန်းပဲပေါ့။ ဖြောင့်မှန်ရမယ်။ ထူးချွန်ရမယ်။ ကိုယ့်ဘေးဝန်းကို အကျိုးပြုရမယ်။ ကိုယ့်ရဲဘော်ရဲဘက်ကို သစ္စာ မဖောက် ရဘူး။ လူတစ်ယောက် နောက်ကျောကို ဓါးနဲ့ထိန်းတဲ့ ကောက်ကျစ်တဲ့ အနိုင်ယူမှုမျိုး ကင်းရမယ်။ အိမ်ထောင်ရေး သစ္စာမြဲရမယ်။”
(ကိုသီဟ.. တက္ကသိုလ်ဆရာ)
(ဂျူး ချစ်သူလား စကား တစ်ပွင့် ပွင့်ခဲ့တယ်.. )
ဆရာမ ဂျူးက အပြင်လောကမှာ အနေအထိုင် ကျစ်လျစ်သူ၊ စကားပြော မသွက်သူ (ခင်သွားရင်တော့ ပြောသတဲ့) အဖြစ် ကိုယ်သိထားပါတယ်။ ဆရာမရဲ့ အနေအထိုင်က ရိုးတယ်။ မိန်းမဆန်တယ်လို့လဲ ကိုယ် နားလည်ထားတယ်။ ဆရာမက ဘယ်လိုလူမျိုးကို သာမာန်မိန်းမ အဖြစ်သတ်မှတ်ထားသလဲ။ အတင်းပြော၊ အလှအပပြင်၊ စိတ်ထားနိမ့်တဲ့ မိန်းမတွေကို သာမာန်မိန်းမ လို့ သတ်မှတ်ထားတာလား။ ဆရာမကို လူတွေက မိန်းမ၀ါဒီ အဖြစ် ပုံဖော်တာ ကိုယ်ခနခန ကြားဖူးတယ်။ ဒါပေမဲ့ ကိုယ်နားမလည်ဘူး။ဆရာမရဲ့ ဇာတ်ကောင်တွေက ထူးချွန်ထက်မြတ်သူတွေဟာ ယောက်ျားလေးတွေ ဖြစ်သလို၊ မိန်းမတွေလဲ ဖြစ်နေတာပဲ။ ကိုယ့်အမြင်မှာတော့ မျှတပါတယ်။
No comments:
Post a Comment