သစ်ပင်မြင့်လေ လေတိုက်ခံရလေဆိုပေမဲ့ အတ္တကြီးတယ်၊ လခတွေ အများကြီးယူထားပြီး စဉ်းစာဥာဏ်မရှိဘူး။ စတဲ့ မှတ်ချက်တွေနဲ့ တန်ရဲ့လား။ ဖျားတယ်ဆိုတာ မှန်ပေမဲ့ သာမာန်အဖျားလို့ ယူဆမိတယ်ဆိုရင် ဆေးရုံ မသွားမိတာ သူ့အပြစ်လား။ လူကြီးတစ်ယောက်အနေနဲ့ လုပ်ရမဲ့ အလုပ်တွေကြောင့် သူ့အနေနဲ့ မရှောင်လွှဲ နိုင်တာရော သူ့အပြစ်လား။ တကယ်လို့သာ ဒီအဖျားဟာ H1N1 မဟုတ်ခဲ့ဘူးဆိုရင် ဖျားရက်နဲ့တောင် လာရ သလားရယ်လို့ သူ့ကို ၀ိုင်းချီးကျူးမှာမလား။ တခါတလေ လူတွေက အပြစ်တင်တာ သိပ်လွယ်လွန်းနေသလိုပဲ။
သီချင်းဟောင်းလေးတွေ နားထောင်မိနေတယ်။ မေဆွိ.ဟေမာနေ၀င်း သီချင်းတွေက ကိုယ်တို့အထက်တန်း ကျောင်းသူ ဘ၀မှာ ရင်းနှီးခဲ့တဲ့ သီချင်းတွေပဲ။ သီချင်းဟောင်းတွေကို နားထောင်ရင်း အဲဒီအရွယ်ကို ပြန်ရောက် သွားသလိုပဲ။ ပျော်နေမိတယ်။ သီချင်းဆိုဖို့ ပါရမီ ပါမလာခဲ့ပေမဲ့ သီချင်းတွေဟာ ကိုယ့်ကို ပျော်ရွှင်စေတာ အမှန်ပဲ။ အထူးသဖြင့် သီဆိုသူက ပျော်ရွှင်နေတယ်လို့ ခံစားရတဲ့အခါ ကိုယ်ပါ လိုက် ပျော်ရွှင်နေမိတယ်။
No comments:
Post a Comment