လောကကြီးမှာ ပါးနပ်မှုတစ်ခုတော့ ရှိဖို့လိုအပ်တယ်။ ကိုယ်တိုင် ရင်ဆိုင်နေရတဲ့ ရန်သူရဲ့ အနေအထားကို ကိုယ်တိုင်မှ မတွက်ဆနိုင်ရင်တော့ အစားခံရမှာပဲ။ ကိုယ်က စားတဲ့လူ နေရာမှာ နေမလား။ အစားခံမလား။ ဒါကို ရွေးချယ်နေရတဲ့ ဘ၀ကြီးကို လက်မခံချင်ပေမဲ့ လက်ခံနေရတယ်။ ရိုးဖြောင့်ခြင်းဆိုတာ အမြဲတမ်းတော့ မနိုင်နိုင်ဘူးလေ။ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတဲ့အခါ ရှိသလို ရိုးသားယောင်ဆောင်ရတဲ့ အခါလဲ ရှိတယ်။ ဒါတွေကို မတွက်ဆတော့ပဲ ရန်သူ့လက်မှာ ထိုးဆင်းလိုက်တဲ့ သူ့ကို အားမရ ဖြစ်မိတယ်။ ဘ၀ရဲ့ မတရားမှုတွေကို တွေးဆမိပြီး ၀မ်းနည်းမိတယ်။ နောက် နာကျင်မိတယ်။ လောကကြီးဟာ မတရားမှုတွေနဲ့ ပြည့်နှက်နေပြီး နိုင်သူစားစတမ်းပဲဆိုတာကို သက်သေပြတဲ့ ပြယုဂ်တစ်ခုပါပဲ။
ကိုယ့်ရဲ့ personal life အပေါ်မှာ ချိုးဖောက်မှုတစ်ခု လုပ်လာတယ်လို့ သိနေပေမဲ့ ဒါကို အတွင်းစိတ်က လက်မခံချင်တာ ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ သဘောတစ်ခုရယ်ပါ။ ဒီအတွက် မကျေမနပ်ဖြစ်မိပေမဲ့ တုန့်ပြန် လို့မရသေးတဲ့အခါ ရိုးသားယောင်၊ အ ချင်ယောင် ဆောင်လိုက်ရတာ နာတော့ နာကျင်မိတယ်။
No comments:
Post a Comment