Tuesday, May 12, 2009

အကြမ်းဖက်သမား (သို့) အေးချမ်းသော ဘ၀က လူ

အကြမ်းဖက်သမားတစ်ယောက်ရဲ့ ဘ၀ကို ဘယ်လို ပုံဖော်ကြည့်လို့ရမလဲ။ အကြမ်းဖက်သမားဆိုတဲ့ ခေါင်းစဉ် အောက်က လူတစ်ယောက်ကို အတွေးနဲ့အတူ ကြောက်ခဲ့ဖူးတယ်။ မနှစ်က ဖေဖော်ဝါရီလမှာ ထောင်ဖောက် ထွက်ပြေးသွားခဲ့တဲ့ သူ့ကို မလေးရှား ရဲတွေက ပြီးခဲ့တဲ့ အပတ်က ဂျိုဟောမှာ ဖမ်းမိတယ်။ သူနေတဲ့နေရာတွေ သူတစ်နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ ဘ၀တွေကို ဒီနေ့သတင်းစာမှာ ဖတ်ရတယ်။ အကြမ်းဖက်သမား တစ်ယောက် နေတဲ့ အိမ်လေးက အေးချမ်းလိုက်တာ။ နှစ်ထပ်အိမ်လေးရယ် ရှင်းလင်းနေတဲ့ အခန်းရယ်၊ အခန်းထောင့်က ဘာသာရေး ဆိုင်ရာ စာအုပ်တွေရယ်၊ အေးချမ်းတဲ့ ဘ၀လေးတစ်ခုကို ဖန်တီးယူထားတဲ့ လူတစ်ယောက် က အကြမ်းဖက်သမားလို့ ဘယ်သူက ထင်မှာလဲ။ ဒီဘ၀ကို သံသယတွေက ကင်းဝေးအောင် ဖန်တီးယူထားတာ ဖြစ်နိုင်ပေမဲ့ ဒီလို ရိုးရှင်းတဲ့ဘ၀လေးကို ဖန်တီးထားတဲ့ သူ့ကို ဖမ်းမိသွားတာ စိတ်မကောင်းတောင် ဖြစ်မိတယ်။ ဘာသာရေးဆိုတာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်လို့ ခိုင်ခိုင်မာမာ ယုံကြည်သူတစ်ဦးအနေနဲ့ ဘာသာရေးကို အပြစ်တော့ မတင်ချင်ဘူး။ ဒါပေမဲ့ ဒီလူ အကြမ်းဖက်သမားဖြစ်ခဲ့ရတာဟာ နိုင်ငံရေး ကစားကွက် မဟုတ်ရင် ဘာသာရေးရဲ့ ခိုင်းစေချက်များ ဖြစ်နေမလားလို့ တွေးနေမိတယ်။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~