ဓါတ်ပုံ ရိုက်ရတာ ရင်ခုန်ဖို့ တစ်မျိုးတော့ ကောင်း သားပဲ။ နှင်းတွေကြားထဲမှာဆိုတော့ တကယ့်ကို အတွေ့အကြုံသစ်ပေါ့။ ကိုယ့်ရဲ့ အိမ်လေးမှာက နှင်းကို မြင်မှ မမြင်ဖူးခဲ့ပဲ။ ကိုယ့်အတွက်တော့ ပထမဆုံး နှင်းကို ကြုံရခြင်းလေ။ ကိုယ့်ရဲ့ ပြတင်းပေါက်လေးက လှမ်းမြင်ရတဲ့ မြင်ကွင်းပေါ့ (မနေ့က ရိုက်ထားတာဆိုတော့ နှင်းတွေနဲ့ ဝေပေါ့လေ)။
အောက်က နှစ်ပုံက ဒီနေ့မှ ရိုက်လာတာ။ ကားမှတ်တိုင်ကို အသွား လမ်းနဲ့ ကိုယ်ခနနေတဲ့ အိမ်လေးပေါ့။ နှင်းတွေဆဲသွားပြီဆိုတော့ လင်းနေတယ်။ ဒါပေမဲ့ နှင်းတစ်ချို့ကတော့ အရည်မပျော်သေးဘူး။ ငယ်ငယ်လေး ကထဲက ဒီလိုအိမ်မျိုးလေးမှာ၊ ဒီလို ရာသီဥတုမှာ နေချင်ခဲ့တာ။ ဒါပေမဲ့ တကယ်နေရတော့လဲ မလွယ်ဘူး။ အေးလိုက်တာ တုန်ပဲ။

No comments:
Post a Comment