ညီမလေးရေ.....
မောင်နှမ မရှိတဲ့ ကျောင်းမှာ
ငွေမလိုက်နိုင်လို့ နှိမ်ခဲ့ကြတဲ့ ဆရာမတွေကြားမှာ
လူရည်ချွန်ရအောင် ဖြေနိုင်ခဲ့တာ
ငြီးတွားမှုရဲ့ ရလဒ် မဟုတ်ဘူးလေ........
ညီမလေးရေ.....
အဖေ့ရှေ့မှာ တမျိုး
ကွယ်ရာမှာ တဖုံ ဆက်ဆံခဲ့တဲ့
ဆွေမျိုးတွေရဲ့ အလယ်မှာ
တစ်ကောင်ကြွက် ရပ်တည်ပြီး
စင်္ကာပူရောက်အောင် ကြိုးစားနိုင်ခဲ့တာ
ငြီးတွားမှုရဲ့ ရလဒ် မဟုတ်ဘူးလေ.....
ညီမလေးရေ...
မေဂျာတွေထဲမှာ
မြန်မာအနည်းဆုံး မေဂျာဖြစ်ပါလျက်နဲ့
သူငယ်ချင်းတွေရ
Top 5 ရအောင် ဖြေနိုင်ခဲ့တာ
ငြီးတွားမှုရဲ့ ရလဒ် မဟုတ်ဘူး.....
ငြီးတွားမှုဆိုတာ
တစ်ခါတစ်ရံ ထွက်ပေါက်အဖြစ်
သုံးကောင်းပေမဲ့
အမြဲတမ်း ငြီးတွားမိတဲ့အခါ
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့ကျ
စိတ်ခွန်အားတွေ ပျက်ဆီးနိုင်တယ်...
ငါ့ညီမဟာ
သာမာန် မိန်းကလေး မဟုတ်ဘူး...
ချစ်သူခင်သူတွေ သနားလာအောင်
ပျော့ညံ့သူ အဖြစ်
သရုပ်ဆောင်ဖို့ မလိုဘူး...
ညီမလေးမှာ
စွမ်းအားတွေ ရှိတယ်..
ကြိုးစားမှုတွေ ရှိတယ်
မာန်မာနတွေ ရှိတယ်..
ပန်းတိုင် အစမှာ ငြီးတွားခြင်းနဲ့ အစမပျိုးဖို့
မှာချင်တယ် ညီမငယ်........
No comments:
Post a Comment