Tuesday, September 23, 2008
မြန်မာလူမျိုးတွေ မကူညီတတ်ဘူးလား...
လွန်ခဲ့တဲ့ တစ်လလောက်က မြန်မာသူငယ်ချင်းတစ်ယောက် ဆေးရုံတက်ရတော့ ငွေရေးကြေးရေး ၀ိုင်းကူညီ ဖြစ်တယ်။ အဲဒါကို သိသွားတဲ့ စလုံး သူငယ်ချင်းတစ်ယောက်က အံ့သြတကြီးနဲ့ ငါထင်တာက နင်တို့ မြန်မာတွေက တစ်ယောက်ကို တစ်ယောက် သိပ်မကူညီကြဘူးလို့ ထင်တာတဲ့။ ဘာလို့လဲလို့ မေးတော့ ငါနဲ့သိတဲ့ မြန်မာမ တစ်ယောက်က ပြောတာတဲ့ (တကယ်တော့ ကိုယ်လဲ အဲဒီအမကို သိပါတယ်)။ အဲဒါနဲ့ သူ့ကို ပြောဖြစ်တယ်။ လူအမျိုးမျိုးပေါ့လို့ ။ စလုံးတွေနဲ့ စာရင်တော့ ငါတို့မြန်မာတွေက ကူညီလိုစိတ်ပိုတော့ များမယ်ထင်တယ်လို့။ အဲဒီ အမနဲ့ ပတ်သတ်တဲ့ ပတ်ဝန်းကျင်က အဲလို ဖြစ်နေလို့ ဖြစ်မှာပါလို့ ပြောဖြစ်တယ်။ အဲဒီမှာ ကိုယ်တစ်ခု သတိထားလိုက်မိတာက မြန်မာလူမျိုးတစ်ချို့ရဲ့ အကျင့်ပဲ။ နိုင်ငံခြား သူငယ်ချင်းတွေရှေ့မှာ ကိုယ့်လူမျိုးကို အမွှန်းတင်ရမဲ့ အစား နှိမ့်ချကြတယ်။ ဘယ်သူ့ကို မကျေနပ်တာလဲ။ လက်တစ်ဆုပ်စာ လူတွေကို မကျေနပ်တာနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ဘာလို့ နှိမ်ချင်ရတာလဲ။ တကယ်ဆိုတော့ မြန်မာလူမျိုးတွေမှာ ချစ်စရာကောင်းတဲ့ အခြေခံ စိတ်တွေ အများကြီးပါ။ ကိုယ့်ရဲ့ ရပ်တည်မှုအတွက် လူမျိုးတစ်ခုလုံးကို နှိမ့်ချတဲ့ အမျိုးသား လောက်ကောင် မြန်မာတွေ နည်းလာပါစေလို့ ဆုတောင်းပါတယ်။
Subscribe to:
Post Comments (Atom)
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!
~~~~Starting Long Journey on 10 Nov 2008~~~~
~~~~Starting Long Journey on 10 Nov 2008~~~~
No comments:
Post a Comment