Substitute
Combine
Adapt
Modify
Put to other use
Eliminate
Rearrange (by Alex Osborn)
ဒီစာစုကို ဂျူးရဲ့ဆောင်းပါး တစ်ပုဒ်ထဲမှာ ဖတ်ဖူးတာပါ။ ပုံမှန်တွေးရိုးတွေးစဉ် နည်းလမ်း မဟုတ်ပဲ ခွဲထွက်တွေးဖို့ တိုက်တွန်းတဲ့ သူမရဲ့ ဆောင်းပါးတစ်ပုဒ်ပါပဲ။ ဒါပေမဲ့ ခေါင်းစဉ်လဲ မမှတ်မိတော့သလို စာအုပ်နံမည်လဲ မသိတော့ဘူး။ ဖတ်မိပြီးတော့ PhD လုပ်တဲ့နေရာမှာလဲ အသုံးဝင်တယ်လို့ ခံစားရလို့ ကူးရေးထားခဲ့တာပါ။
problem တစ်ခုကို ဖြေရှင်းတဲ့နေရာမှာ သုံးလေ့သုံးထရှိတဲ့ နည်းလမ်းတွေအစား ကိုယ်ပိုင် နည်းလမ်းတစ်ခုကို တီထွင်ပြီး နဂိုနည်းလမ်းနေရာမှာ သုံးတာကို Substitue လို့ ပြောလို့ရမယ်ထင်တယ်။ ဒီနည်းလမ်းက ကိုယ့်နည်းလမ်းရဲ့ ကောင်းတဲ့အချက်၊ ဆိုးတဲ့အချက်တွေကို အခြားရှိပြီးသား နည်းလမ်းတွေနဲ့ နှိုင်းယှဉ်ပြီး တင်ပြလို့ ရတဲ့အတွက် Paper ကောင်းကောင်းရနိုင်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းအသစ်တစ်ခုကို တီထွင်နိုင်ရင်တော့ ပထမတန်းစား PhD ပေါ့။ တကယ်တော့ PhD တစ်ယောက်က ဒီလို နည်းပညာအသစ်ကို ရှာဖွေတီထွင်နိုင်သင့်တယ်လို့ ထင်မိတယ်။
မူလရှိပြီးသား နည်းပညာ(၂)ခု သို့ (၃) ခုကို စုပေါင်းပြီး ကိုယ့်မှာ ရှိတဲ့ data set (problem) ကို ဖြေရှင်းတဲ့ နည်းလမ်း (Combine) က ကိုယ့်အတွက်တော့ အလွယ်ကူဆုံး ဖြစ်ပေမဲ့ Paper ရဖို့တော့ ဒီလမ်းက သိပ်မမိုက်ဘူး။ နည်းပညာအသစ် contribution မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အပယ်ခံရနိုင်ပါတယ်။ အထူးသဖြင့် နည်းပညာ အသားပေး conference နဲ့ journal တွေ အတွက် ဒီနည်းလမ်းက မကိုက်ညီပါဘူး။
Adapt, Put to other use ကို စိတ်ဝင်စားမိပေမဲ့ engineer ကနေ Undergrad ပြီးပြီး computer vision field မှာပဲ PhD လာလုပ်တဲ့ ကိုယ်နဲ့ သိပ်မကိုက်ဘူး။ Physics တို့ Maths တို့ကနေ Undergrad ပြီးလာတဲ့ လူတွေအတွက် ပိုလွယ်ကူသလိုပဲ။ ဥပမာ လောလောဆယ် computer vision မှာ ခေတ်စားနေတဲ့ Level Set Method ဆိုရင် Physics ကနေ adapt လုပ်လာတဲ့ နည်းပညာတစ်ခုပဲ။ ကိုယ့်အတွက်တော့ ဒီနည်းလမ်းက သိပ်မလွယ်ဘူး။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာတော့ Put to other use ကို cross field (eg. physics to engineer) အစား same field, different application အနေနဲ့ သုံးတာများတယ်။ ဥပမာ Medical Image Segmentation မှာ အသုံးများတဲ့ နည်းလမ်းကို video surveillance မှာ သုံးတာမျိုးပေါ့။ ဒါကိုလဲ Put to other use လို့ ပြောလို့ရမယ် ထင်တယ်။
Modify ကို ဂျူးဘယ်လို ဘာသာပြန်ခဲ့လဲတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ကိုယ်နားလည်သလောက် ဆိုရင်တော့ ရှိပြီးသား နည်းပညာ တစ်ခုရဲ့ ချို့ယွင်းချက်ကို ရှာဖွေပြီး ပိုကောင်းအောင်လုပ်တာ။ ဥပမာ PCA ကနေ Incremental PCA ဆိုပြီး ပေါ်လာသလိုပေါ့။ ဒီနည်းလမ်းကလဲ လွယ်သလိုလိုနဲ့ ခက်သလိုပဲ။ တစ်ခါတစ်လေ လူတွေက for the sake of modifying လုပ်နေသလို ခံစားရတယ်။ ရှိပြီးသား နည်းလမ်းထက် တကယ်ပို ကောင်းအောင်လဲ လုပ်နိုင်မယ်၊ပြီးတော့ ပုံကောင်းကောင်းပြောတတ်မယ် ဆိုရင် paper ရနိုင်တဲ့ နည်းလမ်း တစ်ခုလို့ထင်တယ်။ တစ်ချို့ဆရာတွေက ဒီလို Research ကို Incremental Research လို့ ပြောကြတယ်။ ဒုတိယတန်းစား PhD ပေါ့။
No comments:
Post a Comment