ဒီနေ့.........
ငါ့ကို ချည်နှောင်မဲ့ နောက်ထပ်ကြိုးတမျှင် လောကကြီးကို ရောက်ရှိလာတဲ့နေ့..
ရင်ဘက်ချင်း နားလည်တဲ့ သူငယ်ချင်းရဲ့ တန်ဖိုးကို ပိုလို့ သိရှိလာတဲ့နေ့....
ဖေဖေ့ အတွက်.. မိသားစုအတွက်.. နောက်ပြီး လောကကြီးအတွက် ကြယ်စင်လေးလို လင်းလက်နိုင်ပါစေလို့ ဆန္ဒပြုမိတဲ့နေ့...
တနင်္လာသမီးလေးဆိုတော့.......မေမေများ လောကကြီးဆီ အလည်ပြန်လာသလားလို့ တွေးမိတဲ့နေ့....
မေမေသာ ဆိုရင်ဆိုတဲ့ အတွေးနဲ့ ၀မ်းသာဝမ်းနည်း ခံစားရတဲ့နေ့..........
No comments:
Post a Comment