Monday, March 21, 2011

သံယောဇဉ် ကြိုးတမျှင် - ၂၁ မတ်လ ၂၀၁၁

ဒီနေ့.........
ငါ့ကို ချည်နှောင်မဲ့ နောက်ထပ်ကြိုးတမျှင် လောကကြီးကို ရောက်ရှိလာတဲ့နေ့..
ရင်ဘက်ချင်း နားလည်တဲ့ သူငယ်ချင်းရဲ့ တန်ဖိုးကို ပိုလို့ သိရှိလာတဲ့နေ့....
ဖေဖေ့ အတွက်.. မိသားစုအတွက်.. နောက်ပြီး လောကကြီးအတွက် ကြယ်စင်လေးလို လင်းလက်နိုင်ပါစေလို့ ဆန္ဒပြုမိတဲ့နေ့...
တနင်္လာသမီးလေးဆိုတော့.......မေမေများ လောကကြီးဆီ အလည်ပြန်လာသလားလို့ တွေးမိတဲ့နေ့....
မေမေသာ ဆိုရင်ဆိုတဲ့ အတွေးနဲ့ ၀မ်းသာဝမ်းနည်း ခံစားရတဲ့နေ့.......... 

Tuesday, March 1, 2011

စိတ်ကို ထိန်းကျောင်းခြင်း

၁) တဖက်သားကို အလွယ်တကူ မဝေဖန်မိပါစေနဲ့။
၂) စကားပြောသူထက် နားထောင်သူ ဖြစ်ပါစေ။
၃) တဖက်သားကို စိတ်ပါလက်ပါ ချီးကျူးပေးပါ။
၎) သိကြောင်း တတ်ကြောင်း မပြမိပါစေနဲ့။ ပညာရှိစည်ဆိုတာ တီးမှ မြည်တယ်။
၅) ကိုယ့်အတွက်ပဲ ကိုယ် အသက်ရှင်ပါ။ သူများ အထင်ကြီးအောင် မလုပ်ပါနဲ့။
၆) ကျောင်းစာကို ဖိဖိစီးစီးလုပ်ပါ။
ရ) အင်္ဂလိပ်စာ တိုးတက်မှုကို ဦးစားပေးပါ။
၈) မိမိ ကိုယ်ကို စိတ်ချမ်းသာအောင် နေပါ။
၉) အချိန်ဇယားနဲ့ ပြန်လည် အသက်ရှင်ပါ။
၁၀) ဘုရားတောင်မှ အမှီရှိမှ ပွင့်ပါတယ်။ အမှီကို ရှာတာ သိမ်ငယ်စရာ မလိုပါဘူး။
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~