နေ၀င်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့ နေ့သစ်ကို ရောက်မယ်...
ယုံကြည်ချက်နဲ့ ကြိုးစားထားမှ တချိန်မှာ အောင်မြင်လွတ်မြောက်မယ် မဟုတ်လား...
သံသရာလမ်းဟာ မချောမွေ့တတ်တော့ တာဝန်ကိုယ်စီ အားတင်း ရှေ့ဆက်လှမ်း..........
အရှုံးမပေးနဲ့ မိငယ်ရေ...
ရဲရင့်မှ ကျော်ဖြတ်သွား...
အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ.. တကယ်ကို ကိုယ်ကျိုးစွန့်နိုင်မှ...
ဒီရေလှိုင်းတွေ တရိပ်ရိပ် တက်တော့ ပင်လယ်ပြင်ဟာ လှုပ်ခတ်ရစမြဲလေ..
အန္တရာယ်ဓါးတွေ အထပ်ထပ်ရှေ့က ကာရံကွယ် တားစီးနေပါစေ...
ရင်မြေ ကတုတ်မှာ စွမ်းအားသတ္တိက တမန်ဆိုတဲ့ အသိတရား နဲ့ မမေ့နဲ့အုန်း..
အရှုံးမပေးနဲ့ မိငယ်ရေ...
ရဲရင့်မှ ကျော်ဖြတ်သွား
အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ.. တကယ်ကို ကိုယ်ကျိုးစွန့်နိုင်မှ...
အရှုံးမပေးနဲ့ မိငယ်ရေ...
ရဲရင့်မှ ကျော်ဖြတ်သွား
အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ.. တကယ်ကို ကိုယ်ကျိုးစွန့်နိုင်မှ...
နေ၀င်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့ နေ့သစ်ကို ရောက်မယ်...
ယုံကြည်ချက်နဲ့ ကြိုးစားထားမှ တချိန်မှာ အောင်မြင်လွတ်မြောက်မယ် မဟုတ်လား...
သံသရာလမ်းဟာ မချောမွေ့တတ်တော့ ရင်ဆိုင်ရန် ခွန်အားဖြည့် မိငယ်ရေ......

No comments:
Post a Comment