၁၉၈၀
သူ့အသက် ၃၈ နှစ်။ သူမ အသက်က ၁၇ နှစ်။
အဲဒီနေ့က သူမတို့ (၁၀)တန်း အောင်စာရင်းထွက်ပြီး ဒုတိယမြောက်နေ့။
အိမ်က ထွက်သွားပြီ။ လိုက်မရှာပါနဲ့ ဆိုတဲ့ စာတစောင်ထားခဲ့ပြီး သူမ အိမ်က ထွက်ပြေးသွားခဲ့သည်။
အဲဒီစာကို ဖတ်ပြီးကထဲက သူ ဖုန်းနဘေးမှာ မလှုပ်မယှက်ထိုင်နေခဲ့တယ်။ တချိန်ချိန်မှာ သူမ ဖုန်းဆက်လာမယ်ဆို တဲ့ မျှော်လင့်ချက်နဲ့ပေါ့။ သူ ရုံးတွေလဲ ပျက်ပေါင်းများလှပြီ။ ရုံးပြန်တက်ရတော့မယ်ဆိုတဲ့ နေ့မှာတော့ နံရံမှာ ထောင်ထားတဲ့ ဖုန်တက်နေသော သူ့ရဲ့ ဂစ်တာအိုလေးကို ကိုင်ဆွဲပြီး သူ သီချင်းလေး တပုဒ်ကို ညည်းခဲ့တယ်။
သမီးလေးရေ
သမီး ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့.... သမီးလေးကို ဖေဖေ သိပ်ချစ်တယ်။
ဘယ်ကိုပဲ ရောက်နေပါစေ... သမီးလေး ... အိမ်ပြန်လာလို့ ရတယ်။
သမီးလေးရေ........သမီးသာ ပြန်လာခဲ့မယ်ဆိုရင် ဖြစ်ပျက်ခဲ့သမျှကို တို့တွေ ပြင်ဆင်ကြမယ်လေ...
သမီးလေးကို ဖုန်းက တဆင့် အဖေ ဖက်လို့ မရဘူး၊ နမ်းလို့ မရဘူး။ ဒါမို့ အိမ်ကို အမြန်ပြန်လာခဲ့ပါ သမီးရေ...
သူ မရှိတုန်း သူမသာ ဖုန်းဆက်ခဲ့မယ်ဆိုရင် ဖုန်းရဲ့ အလိုအလျောက်ပြန်ကြားစက်က သူ့ရဲ့ သီချင်းသံလေးကို သမီးလေး ကြားနိုင်ပါစေပေါ့။
ညနေ သူရုံးက ပြန်ရောက်ချိန်မှာ ဖုန်းလေးက အစိမ်းရောင်မီးလေး လင်းနေခဲ့တယ်။ သမီးလေးများ မတ်ဆေ့ဂ်ျ ထားခဲ့သလား။ ရင်ခုန်စွာနဲ့ ဖုန်းကို ဖွင့်နားထောင် လိုက်တော့ သူ့ရဲ့ သူငယ်ချင်းဟောင်း တယောက်.. သတင်းကြားလို့ ဖုန်းဆက်တာပါ..သူငယ်ချင်းရေ...မင်းရဲ့ သမီးကို ရှာတွေ့ပါစေလို့ ငါ ဆုတောင်းပါတယ်ကွာ.. တကယ်လို့များ ငါ မင်းရဲ့ သမီးကို တွေ့ခဲ့မယ်ဆိုရင် သူ့အဖေ စိတ်ပူနေတယ်လို့ ဆက်ဆက် ပြောပေးပါ့မယ် ကွာတဲ့..
သမီးလေးရေ
သမီး ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့.... သမီးလေးကို ဖေဖေ သိပ်ချစ်တယ်။
ဘယ်ကိုပဲ ရောက်နေပါစေ... သမီးလေး ... အိမ်ပြန်လာလို့ ရတယ်။
သမီးလေးရေ........သမီးသာ ပြန်လာခဲ့မယ်ဆိုရင် ဖြစ်ပျက်ခဲ့သမျှကို တို့တွေ ပြင်ဆင်ကြမယ်လေ...
သမီးလေးကို ဖုန်းက တဆင့် အဖေ ဖက်လို့ မရဘူး၊ နမ်းလို့ မရဘူး။ ဒါမို့ အိမ်ကို အမြန်ပြန်လာခဲ့ပါ သမီးရေ...
ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတယ်။ တရက်ပြီး တရက်၊ တနှစ်ပြီး တနှစ် သက္ကရာဇ်တွေသာ ပြိုလဲ သွားတယ်။ သူမကတော့ ပြန်ရောက်မလာခဲ့ပါဘူး။သူမဆီက စကားတခွန်းမှ မကြားရပေမဲ့ သူကတော့ သူမရဲ့ ဖုန်းကို မျှော်နေဆဲပါပဲ။ သူ့ရဲ့ မိတ်ဆွေအချို့က ပြောကြတယ်။ သူမ ပြန်လာတော့မှာ မဟုတ်ပါဘူးတဲ့။ အလို အလျောက် ပြန်ကြားစက်ထဲက ဖုန်းမတ်ဆေ့ဂ်ျကို ပြောင်းလိုက်ပါတော့လို့ တိုက်တွန်းကြတယ်။ အဲဒီအခါ သူ ပြန်ပြောတတ်တာက............. တနေ့နေ့ သူမ သူ့ဆီ ဖုန်းဆက်လာမှာပါ..တဲ့။
၂၀၁၀
သူ့အသက် ၆၈ နှစ်။ သူမအသက်က ၄၇ နှစ်...
အဲဒီနေ့က သူမ ရန်ကုန်မြို့က အရက်ဆိုင်တခုရဲ့ အပြင်မှာ ထိုင်နေခဲ့တယ်။ သူမ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူ တွေလို့ ထင်ခဲ့ဖူးသူတွေ အားလုံးက သူမကို တယောက်ထဲ ထားသွားခဲ့ကြပြီ။ သူမ သူ့ကို အရမ်းသတိရ လာ တယ်။ သူ သူမကို အလို ရှိတော့မယ်လို့ သူမ မမျှော်လင့်ဝံ့ဘူး။ ဒါပေမဲ့ ကြောက်ရွံ့တဲ့စိတ်ကို လွမ်းတဲ့စိတ်က အနိုင်ယူသွားတဲ့အဆုံး သူမ သူ့ရဲ့ ဖုန်းနံပါတ်အဟောင်းလေးကို မ၀ံ့မရဲ နှိပ်လိုက်မိတယ်။ သူမ ကြားလိုက် ရတာက သူ့ရဲ့ သီချင်းသံ...........
သမီးလေးရေ
သမီး ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့.... သမီးလေးကို ဖေဖေ သိပ်ချစ်တယ်။
ဘယ်ကိုပဲ ရောက်နေပါစေ... သမီးလေး ... အိမ်ပြန်လာလို့ ရတယ်။
သမီးလေးရေ........သမီးသာ ပြန်လာခဲ့မယ်ဆိုရင် ဖြစ်ပျက်ခဲ့သမျှကို တို့တွေ ပြင်ဆင်ကြမယ်လေ...
သမီးလေးကို ဖုန်းက တဆင့် အဖေ ဖက်လို့ မရဘူး၊ နမ်းလို့ မရဘူး။ ဒါမို့ အိမ်ကို အမြန်ပြန်လာခဲ့ပါ သမီးရေ...
ဖုန်းမြည်သံကြောင့် အိမ်ထဲကို အပြေးပြန်ဝင်လာတဲ့ သူကြားလိုက်ရတာကတော့ ........
သူမရဲ့ အဖေ သမီး ပြန်လာပြီ............ဆိုတဲ့ စကားသံပါပဲ။
Jason Michale ရဲ့ Hurry Home ကို ခံစားရေးဖွဲ့သည်။
http://www.youtube.com/watch?v=wm7BvwlJh6A
No comments:
Post a Comment