ကိုယ့်တိုင်းပြည် ကိုယ်ချစ်ဖို့ ဘယ်သူမှ တိုက်တွန်းနေစရာ မလိုပါဘူး။
မြန်မာလူမျိုးတွေရဲ့ စိတ်ကို မြန်မာ့ ဂီတကနေ သိနိုင်ပါတယ်။
မြန်မာလူမျိုးတွေဟာ ချစ်ခြင်း မေတ္တာတရားကို တန်ဖိုးထားတယ်။
သမီးရည်းစား အချစ်မှ မိသားစု အချစ် ၊ လူသား အချင်းချင်း တန်ဖိုးထားမြတ်နိုးတဲ့ လူမျိုး ဖြစ်တယ်။ ဂါရဝေါစ နိဝါတောစ၊ ကြီးသူကို ရိုသေ ငယ်သူကို လေးစားတဲ့ လူမျိုးဖြစ်တယ်။ မိမိကိုယ်ကို နှိမ့်ချတတ်တဲ့ လူမျိုးဖြစ်တယ်။ မကြွားဝါတတ်ဘူး။ မာနမကြီဘူး။
မြန်မာလူမျိုးတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို နှစ်သက်တယ်။
သစ်ပင်ပန်းပင်လေးတွေကို ချစ်တယ်။ရေမြေတောတောင်တွေကို ချစ်တယ်။အေးချမ်းမှု၊ ငြိမ်းချမ်းမှုကို တန်ဖိုး ထားတယ်။ စိတ်ထားနူးညံ့တယ်။ သိမ်မွေ့တယ်။
မြန်မာလူမျိုးတွေဟာ ဇာတိမာန် ကြီးတယ်။
လူမျိုးကို ချစ်တယ်။ တိုင်းပြည်ကို ချစ်တယ်။ တိုင်းပြည်အတွက်လဲ ဂုဏ်ယူတယ်။ သမိုင်းရှိတဲ့ လူမျိုး ဖြစ်ရတာ အတွက် ဂုဏ်ယူတယ်။ ရှေးပဝေသဏီက မင်းတွေကို တမ်းတနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ထွန်းတောက်တဲ့ သမိုင်း ကို ဂုဏ်ယူတယ်။ စည်းလုံးခြင်းကို ဂုဏ်ယူတယ်။
(နေ၀င်းမြင့်၊ ၂၀-၁၂-၂၀၀၉)
အနာဂတ်တစ်ခု လှပဖို့ ပစ္စုပ္ပာန်မှာ တာဝန်ရှိတယ်။ ယူသူ ဖြစ်ခဲ့ပြီးနောက် ပေးသူအဖြစ် ဘာတွေ တာဝန်ကျေခဲ့ ပြီလဲ။ ကိုယ့်ဘ၀ရဲ့ အနာဂတ်တစ်ခုလုံးကို ဖျက်ဆီးပြီး ကလေးကို ကယ်တင်မယ်ဆိုတဲ့ ပါးစပ် လူစွမ်းကောင်းတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူဘယ်နှစ်ယောက်လောက်ကို ကယ်တင်နိုင်ပြီးပီလဲ။ ကလေး ဘယ်နှစ်ယောက် လောက်ကို မေတ္တာတရား ပေးခဲ့ပြီးပြီလေ။
(ဂျူး၊ ၂၀-၁၂-၂၀၀၉)
No comments:
Post a Comment