ဒီနိုင်ငံမှာ တစ္တေပွဲတ်ာကို ကျင်းပတဲ့လ ရောက်တိုင်း မနက်ခင်း စောစော မြက်ခင်းစပ်တွေမှာ အမွှေးတိုင်တွေ၊ စားစရာ အကြွင်းအကျန်တွေကို တွေ့ရတိုင်း စိတ်ထဲမှာ မသက် မသာဖြစ်မိတယ်။ သူများတကာရဲ့ ယုံကြည်မှုကို လှောင်ပြောင်တာ မဟုတ်ပေမဲ့ ဒါကို အစွန်းရောက် ကိုးကွယ်မှုလို့ မြင်မိတာတော့ အမှန်ပဲ။
အစွန်းရောက် ယုံကြည်မှု
တစ္တေပွဲတ်ာကို တရုတ်ပြက္ခဒိန်ရဲ့ ၇ လမြောက်မှာ ကျင်းပလေ့ရှိပါတယ်။ အပါယ်တခါးဘုံတွေဟာ ဒီလ ၁၅ ရက် နေ့ မှာ ပွင့်တဲ့အတွက် အပြင်ကိုထွက်လာတဲ့ သရဲ တစ္ဆေတွေအတွက် လူတွေက ပွဲတော် ကျင်းပ ပေးတယ်လို့ ဆိုတယ်။ ဒါမို့ ဒီလကို သရဲတွေ ပျော်တဲ့လ၊ တစ္ဆေလလို့ ခေါ်ကြတယ်။
ဘာသာရေး ယုံကြည်မှု (တရုတ် ဗုဒ္ဓဘာသာ)
မြတ်စွာဘုရား ဖွားမြင်ရာ၊သီတင်းသုံးရာ အိန္ဒိယနိုင်ငံမှာ မိုးတွင်းကာလဟာ ၃ လ ကြာမြင့်ပါတယ်။ တရုတ် ပြက္ခဒိန် အရတော့ ၁၅ ရက်နေ့ ၄လကနေ ၁၅ ရက်နေ့ ၇ လ အထိဖြစ်တယ်။ မိုးတွင်းကာလ ဖြစ်တဲ့ အလျောက် သံဃာတော်တွေအတွက် ခရီးသွားလာရ ခက်ခဲစေပါတယ်။ ဒီအတွက် ဗုဒ္ဓမြတ်စွာဘုရားက ဒီကာလ မှာ သံဃာတွေဟာ ကျောင်းမှာ နေရင်း တရားကို အထူးကျင့်ရမယ်လို့ ပြဌာန်းခဲ့ပါတယ်။ (မြန်မာမှာတော့ ဒီကာလကို ၀ါတွင်းကာလ လို့ သတ်မှတ်ပြီး သံဃာတွေ တရားကျင့်တဲ့ကာလဖြစ်ပါတယ်။ ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းအမှုကို ရှောင်ရှားခြင်း၊ သက်သက်လွတ်စားခြင်းတို့ကို ပြုကြလေ့ ရှိတယ်။)
အဲဒီလို ၃ လတာ ပြင်းပြင်းထန်ထန် တရားအားထုတ်ကြပြီးနောက် သံဃာ အများစုဟာ တရားထူး၊ တရားမြတ် တွေကို ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် အဲဒီနေ့မှာ အရပ်ဆယ်မျက်နှာမှာ ရှိတဲ့ သံဃာတွေ စုဝေးပြီး မိမိတို့ (၃) လတာ တရား အားထုတ်မှုကို ဆန်းစစ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ သံဃာတော်တပါးဟာ သူ့ရဲ့ မယ်တော်က ပြိတ္တာဘုံမှာ ငရဲကျခံနေရတယ်ဆိုတာကို သွားတွေ့မိပါတယ်။ သူ့ မယ်တော်ရဲ့ အတိတ်ဘ၀က ပြုကျင့်ခဲ့တဲ့ အကုသိုလ်တွေဟာ များပြားလှတဲ့အတွက် သူ့ရဲ့ အစွမ်းအစနဲ့တင် မယ်တော်ကို မကယ်တင်နိုင်တာကို သိတဲ့ သံဃာဟာ မြတ်စွာဘုရားကို တင်လျှောက်ခဲ့ပါတယ်။ အဲဒီအတွက် အရပ်(၁၀) မျက်နှာက စုဝေးလာတဲ့ သံဃာ တွေ ၀ိုင်းဝန်းဆုတောင်းပေး၊ အမျှဝေပေးကြဖို့ ဘုရားက မိန့်ကြားခဲ့ပါတယ်။ ဒီလို အမျှဝေပေးခြင်းအားဖြင့် ကိုယ့်ရဲ့ အတိတ် ဘ၀က တော်စပ်ခဲ့ဖူးသော မိဘ၊ လက်ရှိဘ၀တွင် တော်စပ်နေဆဲ မိဘ၊ အနာဂတ်တွင် တော်စပ်ရမည် ဖြစ်သော မိဘတွေဟာ သာဓု ခေါ်နိုင်မဲ့ဘုံဘ၀မှာ ရောက်ရှိနေမယ်ဆိုရင် သာဓု ခေါ်ပြီး အကုသိုလ်တွေက ကင်းလွတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါမို့ ၇ လမြောက် (တရုတ်ပြက္ခဒိန်) ၁၅ ရက်နေ့ဟာ မိုးတွင်းကာလ ကုန်ဆုံးသောနေ့၊ ၀ါတွင်းကာလ ပြီးဆုံးတဲ့ နေ့၊ သံဃာများ တရားထူး တရားမြတ်ကို ရသောနေ့သာ ဖြစ်ပါတယ်။

No comments:
Post a Comment