Saturday, July 4, 2009

မနေ့က

မနေ့က ၂၀၀၉ ခုနှစ် ဇွန်လ ၃ ရက်နေ့ ခန့်မှန်းချိန် နေ့ခင်း ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် Fusionopolis အဆောက်အအုံရှေ့တွင် လူသေမှုတစ်ခု ဖြစ်ပွားသွားခဲသည်။ ကောင်းကင် ဥယျာဉ် ရှိရာ ၁၉ ထပ် (သို့) ၂၃ ထပ်မှ လူတစ်ယောက် ပြုတ်ကျ (သို့) ခုန်ချ သွားခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။ Fusionpolis အဆောင်အအုံကို မနှစ်က စင်္ကာပူ ၀န်ကြီး လီရှောင်လုံးကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။ အဆောက်အအုံမှာ ၂၃ ထပ် အမြင့်ရှိပြီး အဆောက်အအုံခွဲ (၃) ခု ဖြင့် ဖွဲ့စည်းထားသည်။ Fusionopolis အဆောက်အအုံမှာ စင်္ကာပူနိုင်ငံအတွင်း ခေတ်အမှီဆုံး ဒီဇိုင်းအလှပဆုံးဟု ဆိုနိုင်သည်။ အဆောက်အအုံအတွင်း အစိုးရပိုင် ကုမ္ပဏီ (၁၀) ခု နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီ (၈) ခုခန့် ရှိသည်ဟု သိရသည်။ အများစုမှာ စင်္ကာပူနိုင်ငံ၏ သုတေသန ဆိုင်ရာ A*Star ပိုင် Research Institutes များ ဖြစ်သည်။ သို့သော် မနေ့က သေဆုံးသွားခဲ့သူမှာ A*star မှ ၀န်ထမ်း (သို့) ကျောင်းသား မဟုတ်ဟု ဆိုသည်။ အဆောက်အအုံအတွင်းရှိ အခြားကုမ္ပဏီ တစ်ခုမှ ဖြစ်နိုင်သည်ဟု အများက ထင်ကြေးပေးနေကြသည်။ မျက်မြင်သက်သေအချို့၏ အဆိုအရ သေဆုံးသူမှာ အနောက်နိုင်ငံသား တစ်ဦး ဖြစ်နိုင်သည်ဟု ဆိုသည်။ နေ့ခင်း ထမင်းစားရာမှ ပြန်ချိန်တွင် ဖြစ်ပွားခဲ့ရာ မျက်မြင် သက်သေ အများ အပြား ရှိသည့်အပြင် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်သူ အများအပြားရှိနိုင်သည်။ အချို့မှာ ဦးဏှောက်များ ပွင့်ထွက် နေသည်ကိုပင် မြင်ခဲ့ကြရသည်ဟု ဆိုသည်။ သို့သော် အထက်ပါ ဖြစ်ရပ်နှင့် ပတ်သတ်ပြီး ယနေ့အချိန်ထိ မည့်သည့် သတင်းဌာနကမှ သတင်းထုတ်ပြန်ခြင်း မရှိချေ။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~