ငွေကြေးဆိုတာ ရွံ့မုန်းစရာ ဆိုတဲ့ အဆင့်တစ်ခု မရောက်ပေမဲ့ ငွေကြေးနဲ့ပတ်သတ်လာရင် လောဘတကြီး ဖြစ်ရမှာကို ရှက်တတ်တဲ့ လူစားတွေထဲမှာ ကိုယ်ပါတယ်။
ကိုယ့်ရဲ့ ရပိုင်ခွင့်နဲ့ ပတ်သတ်လာရင် ပုံမှန်ဆို အားမနာ၊ အလျော့မပေးပေမဲ့ အဲဒီ ရပိုင်ခွင့်ဆိုတာက ငွေကြေး ဖြစ်လာပြီဆိုရင် ကိုယ်ဟာ စိတ်ပျက်လောက်အောင် လက်တွန့်တတ်တယ်။ ငွေကြေးကို တပ်မက်ကြောင်း အပြုအမူနဲ့ ပြရမှာ၊ ပြောရမှာကို ရှက်တယ်။အထူးသဖြင့် ကိုယ့်ရဲ့ ပညာအရည်အချင်းနဲ့ ပတ်သတ်ပြီး ငွေရှာတဲ့ နေရာမှာ ကိုယ့်ရဲ့ ပညာကို ငွေကြေးနဲ့ ဈေးယှဉ်ပြီး စကားပြောရမှာကို ရှက်တယ်။ ငွေအကြောင်း မပြောခြင်း အားဖြင့် ကိုယ့်တန်ဖိုးကို မြင့်တယ်လို့ စိတ်ထဲမှာ မသိမသာ သတ်မှတ်ထားတယ်။
ဒီနေ့ သူငယ်ချင်းတစ်ယောက်က ကိုယ့်ရဲ့ စိတ်ကို အမှန်အတိုင်း သုံးသပ်ပြလိုက်တဲ့အတွက် ကိုယ် အရင်က သတိမထားမိတဲ့ အချက်ကို သတိထားလိုက်မိတယ်။ ငွေကြေးဆိုတာအတွက် အတ္တတွေကြီးစွာ မက်မောနေဖို့ မလိုဘူးဆိုပေမဲ့ ကိုယ့်ရဲ့ ရပိုင်ခွင့်အတွက်တော့ တိုက်ယူရဲတဲ့ သတ္တိ ရှိရမယ်။
ငွေကြေးနဲ့ပတ်သတ်လို့ မှန်ကန်တဲ့ သဘောထားရှိတဲ့လူသာလျှင် ဘ၀ရဲ့ ကိစ္စတော်တော်များများကို အမှန် အတိုင်း သုံးသပ်နိုင်သူ ဖြစ်လိမ့်မယ်။

No comments:
Post a Comment