ဒီနေ့ အဖို့တော့ ဆင်ကို မျက်ကန်း ၆ ယောက် စမ်းတာ ကြည့်နေရသလိုပဲ။ ဇာတ်လမ်းကို စတာက မလေးရှား နိုင်ငံသား ကိုယ့် ဆရာပေါ့။ ဒူးရင်းသီး အကြောင်း စပြောတာက သူ။ စင်္ကာပူကို အခုမှ ပထမဆုံး ရောက်ဖူးတဲ့ အင်္ဂလန်က ဆရာ (ကိုယ့် အင်္ဂလန် ဆရာရဲ့ ဧည့်သည်) ကလဲ ကြားဖူးကြောင်း ယဉ်ကျေးမှုအရ ပြန်ပြောရာ ကနေ စားကြည့်ဖို့ သဘောတူလိုက်တာ။ အဲဒီမှာ စတွေ့တာပဲ။ ကိုယ်တို့စားနေတဲ့ စားသောက်ဆိုင်မှာ ဒူးရင်း နဲ့ ပတ်သတ်တာဆိုလို့ ရနိုင်တာက ဒူးရင်း ပူတင်းပဲ ရှိတယ်။ ကိုယ့်အမြင်တော့ ဒီဒူးရင်း ပူတင်းက ဒူးရင်း မစစ်ပါဘူး။ ကိုယ်လိုလူတောင် အနံ့ခံ နိုင်တယ်ဆိုမှတော့ ဒီဒူးရင်းက ဒူးရင်း မစစ်ဘူးပေါ့။စားကြည့်တဲ့ ဆရာက ဘာပြောလဲဆိုတော့ ထောပတ်သီးတဲ့ အဲဒါကို ကိုယ့်ရဲ့ အင်္ဂလန်က ချစ်လှစွာသော ဆရာက မခံနိုင်ဘူး။ သူက စလုံး ရောက်တာ နှစ်ခေါက်ရှိပြီကို။ သူက အရင်ကလဲ စားဖူးပြီး ဒူးရင်းကို မုန်းသလောက် ထောပတ်သီးကို သိပ် ကြိုက်နေတော့ ထောပတ်သီးရဲ့ နံမည်ကို မဖျက်ပါဘူးဆိုပြီး ထအော်။ တော်တော်လေးတော့ ရီရတယ်။ အဲမှာ ပိုဆိုးသွားတာက ဂျပန်မပဲ။ သူကလဲ ၀င်မြည်းကြည့်ပြီး ဘာပြောလဲဆိုတော့ အမဲသား ခြောက်တဲ့။ ကိုယ့်မှာ ရီလိုက်ရတာ။ ဒူးရင်းသီး ကြိုက်သူတွေ ဆိုရင်တော့ ဘယ်လို မြင်မလဲ မသိ။
ကိုယ်ကြိုက်တော့လဲ အရသာနဲ့ ပြည့်တဲ့ အသီးပေါ့။ မကြိုက်တော့လဲ ရှုံ့တွနေကြတာ။ ကိုယ့်အကြိုက်ကို လာထိတော့လဲ မခံနိုင်ဘူး။ အမဲသား မစားတဲ့လူက အမဲသားနံ့နဲ့ ဒူးရင်းနံ့ တူနေတာပေါ့။ မခံနိုင်တဲ့ အနံ့တွေ ကို။ ဒါကို ဒူးရင်း မကြိုက်ပေမဲ့ အမဲသားစားတဲ့လူကျ လက်မခံနိုင်ဘူးပေါ့။ တကယ်တော့ ကိုယ်နှစ်သက်ရင် ကောင်းပြီး မနှစ်သက်ရင် အပြစ်မြင်တတ်တာ လူ့သဘာဝပါပဲ။ တခါတလေမှာ ကိုယ့်အတွက် သာမာန်ကိစ္စ တစ်ခုလို့ သဘောထားပြီး ပြောလိုက် စလိုက်ကြပေမဲ့ လူတစ်ဘက်သားကို စော်ကားသလို ဖြစ်သွားတတ်တာ မျိုးကို သတိတော့ ထားသင့်တယ်။ ကိုယ့်အတွက်လဲ အကျိုးမရှိ ကိုယ်တိုင်လဲ သေချာမသိပဲ စကားကို လက်လွတ်စပယ် ပြောလိုက်မှုကြောင့် လူတစ်ဘက်သားရဲ့ ဘ၀ကို ထိခိုက်သွားနိုင်တယ်ဆိုတာ ဆင်ခြင်နိုင်ကြ မယ်ဆိုရင် ကမ္ဘာကြီးက ဒီထက် ငြိမ်းချမ်းသွားမယ် ထင်တယ်။
ဟုတ်ကဲ့။ နောက်ကို စကားကို ဆင်ခြင်ပြီး ပြောမှနော်။
ReplyDeleteဆင်ခြင်ပါမယ်။
ReplyDelete