Sunday, April 12, 2009

Asian summit ဖျက်သိမ်းလိုက်ရခြင်း

ထိုင်းနိုင်ငံ ပတ္တယားတွင် ကျင်းပနေသော Asian summit ကို ဆန္ဒပြသူများကြောင့် စနေနေ့မနက်တွင် ဖျက်သိမ်း လိုက်ရသည်။ ဆန္ဒပြသူများမှာ အာဆီယံ နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပရာ နေရာကို အတင်းအဓ္ဓမ ၀င်ရောက်ရာမှ ထိုင်းအစိုးရအနေနှင့် အလျော့ပေးပြီး Asian summit ကို ဖျက်သိမ်းပေးလိုက်ရ ခြင်း ဖြစ်သည်။ မြန်မာဝန်ကြီးချုပ် သိန်းစိန် အပါအ၀င် အာဆီယံ နိုင်ငံ ခေါင်းဆောင်များကို တည်းခိုရာနေရာမှ ဟယ်လီကော်ပတာဖြင့် လုံခြုံရာနေရာသို့ ပို့ပေးနိုင်ခဲ့ကြောင်း ထိုင်းအစိုးရက ကြေငြာသည်။ယခုလို ဖျက်သိမ်း ခဲ့ရမှု အတွက် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူများကို ထိုင်းအစိုးရအနေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေငြာခဲ့သည်။ ယခုလို ဖျက်သိမ်းလိုက်ရမှု အနေနှင့် ပတ်သတ်၍ အခြား အာဆီယံ ခေါင်းဆောင်များ အနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ကြသည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ ထိုင်းနိုင်ငံရေး အခြေအနေမှာ ငြိမ်သက်မှု မရှိဘဲ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်နေ ခဲ့သည်။ လက်ရှိ ထိုင်းအစိုးရက သက်ဆင် အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် သက်ဆင်ကို ထောက်ခံသူများနှင့် မထောက်ခံသူများကြား အပြန်အလှန် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြသည်။ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူ အများစုမှာ ဆင်းရဲသား လူလတ်တန်းစား ဖြစ်ပြီး လက်ရှိအစိုးရကို အားပေးသူများမှာ ပညာတတ် အများစု ဖြစ်သည်ကို တွေ့ရသည်။ ထိုင်းအစိုးရအနေဖြင့် အကြမ်းဖက်နှိမ်နင်းမှုများကို တတ်နိုင်သရွေ့ ရှောင်ခဲ့ သည်မှာမူ အားကျ ချီးကျူးစရာပင် ဖြစ်သည်။ သို့သော် လက်ရှိစီးပွားရေး ကျဆင်းနေမှုကို အဓိက ခံစားရသူ များမှာ နိုင်ငံတွင်းရှိ နိုင်ငံသား အများစုပင် ဖြစ်ပေလိမ့်မည်။ နိုင်ငံအာဏာကို မက်မောစွာ တိုက်ခိုက်နေသော အစိုးရ နှစ်ရပ်အကြား မြေဇာပင် ဖြစ်ရသူများမှာ ပြည်သူများသာ ဖြစ်သည်။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~