Tuesday, April 16, 2013

မည်သူ မဆို ကူညီသည်ဖြစ်စေ.

~~~~~~~~~~~~~~~~~~
(မည်သူ မဆို ကူညီသည်ဖြစ်စေ........
မည်သူ မဆို မကူညီသည်ဖြစ်စေ......
ကိုယ်ထူ ကိုယ်ထ ကိုယ့်ဘ၀ အခြေအနေ...
ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာသခင်ဖြစ်ပေ..
 
ဝန်ထမ်း ရွှင်လန်း ပန်းတိုင်ကိုရောက် လျှောက်နိုင်ဖို့လေ...
လုလင်ငယ်သွေး အားမာန်မွေးရမလေ)၂

 (ရှေ့သို့သာသွား သောကြာကြယ်အလားပေ
ဘ၀ဆိုတာများ နောက်မပြန်နဲ့ဟေ
အလုပ်ကိုသာ မနားမနေ တိုးတတ်အောင်စုချွေ
ဇွဲလုံ့လနဲ့ အားစိုက်ကြံစည်မလေ)၂

(ယောက်ျား ပီပီ ကတိတစ်လုံးမဖျက်ပေါင်
နှလုံးသွင်းဆောင်ယူလေ
အသက်သွေးလို သဘောပိုက်ကာ
ထိန်းသိမ်းလာသမျှတွေ)၂
 
 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
http://www.youtube.com/watch?v=nBnCnR_DlC8
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘယ်လောက်မာကျောတဲ့ လူတယောက် ဖြစ်ပါစေ......တချိန်ချိန်မှာတော့ ၀မ်းနည်းနာကျင်ရစမြဲပါပဲလေ။ တခြားလူတွေရှေ့မှာ ဟန်ဆောင်မာကျောထားသမျှ တယောက်ယောက်ရဲ့ ရှေ့မှာတော့ အဲဒီလူက ပျော့ညံ့တတ်စမြဲ မဟုတ်ဘူးလား။

မမျှော်လင့် ရင် မပင်ပန်းဘူးလို့ဆိုတတ်ကြပေမဲ့........တယောက်ယောက်စီက တခုခုကိုတော့ မျှော်လင့် တတ်တာ သဘာဝပဲ မဟုတ်ဘူးလား။ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ နာကျင်တတ်တယ်.. ၀မ်းနည်းတတ်တယ်.. ။ ဒါမှလဲ လူ ပီသ တော့ မပေါ့။

 တကယ်တော့ ကိုယ့်အသက်အရွယ်က....ဘယ်သူ့ကိုမှ အားကိုးနေရမဲ့ အရွယ်တော့ မဟုတ်ဘူးလေ။ ကူညီသူ ရှိတော့ ရှေ့ကို မြန်မြန်ပိုရောက်တာပေါ့........ဒါပေမဲ့.. ကူညီမဲ့ သူ ရှိရှိ.. မရှိရှိ.. ကိုယ့်ဘ၀ကို ကိုယ်ပဲ ထိန်းကျောင်း ပဲ့ကိုင်ရမှာ မဟုတ်ဘူးလား...... မျှော်လင့်မိတာ အပြစ် မဟုတ်ပေမဲ့ ကိုယ် မျှော်လင့် သမျှ ဖြစ်မလာတဲ့အခါ ဘယ်သူ့ကိုမှ အပြစ်မတင်မိအောင် ကြိုးစားရအုန်းမယ်။

ကိုယ့်ဘ၀မှာ.....ဘယ်အရာကိုမှ အလွယ်တကူ မရခဲ့တာ အမှန်ပဲ။ ဘ၀ဆိုတာ အတက်ရှိသလို အဆင်းလဲ ရှိစမြဲပဲ။ ကြိုးစားကူးခတ်နေသရွေ့.....တနေ့နေ့တော့ ကိုယ်လိုချင်သမျှ ဖြစ်လာရမယ်။

ဘ၀က ခါးသီးလာတဲ့ အခါ သီချင်းတပုဒ်က အားဆေးတပုဒ်ဖြစ်စေတာအတွက်.. သီချင်းချစ်စိတ် ကို မွေးဖွားပေးခဲ့တဲ့ မိဘ နှစ်ပါးကိုတော့ ကျေးဇူးတင်မိပါတယ်။




There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~