လွန်ခဲ့တဲ့ ၂ ပတ်လောက် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ မင်းကိုနိုင်တို့ရဲ့ စာပေဟောပြောပွဲကို သွားနားထောင်ဖြစ်တယ်။ လုပ်တဲ့အဖွဲ့က ရသအလင်း ဆိုတော့ အမှန်ပြောရရင် နဲနဲတော့ စဉ်းစားမိတယ်။ ဘာလို့လဲဆိုတော့ အဲဒီအဖွဲ့ကလုပ်တဲ့ပွဲဆိုရင် ဘာလို့လဲတော့ မသိဘူး.. အခြား အဖွဲ့တွေက လုပ်တာနဲ့ မတူဘူး။ နဲနဲတော့ အစီအစဉ်က လိုအပ်ချက် များသလိုပဲ။ တခြားအဖွဲ့တွေနဲ့ ဈေးနှုန်း အတူတူ ယူပေမဲ့ အကျွေးအမွေးနဲ့ ခန်းမ အနေအထားက ညံ့တာကို သတိထားမိတယ်။ ဒါပေမဲ့ ကိုယ်က မင်းကိုနိုင်ရဲ့ စာပေ (သို့ နိုင်ငံရေး) ဟောပြောမှုကို နားထောင်ချင်လို့ နောက်ဆုံးတော့ လက်မှတ် ၀ယ်ဖြစ်သွားတယ်။
သေချာတာတခုကတော့ ရသအလင်း အဖွဲ့ကလူတွေက သူတို့ရဲ့ ရန်ပုံငွေ ရဖို့ အဓိက လုပ်တဲ့ပွဲ.. အမြတ် အစွန်းကို အဓိကထားလုပ်တာမို့လား မသိ.. ခန်းမ အနေအထားက ညံ့တယ်.. ကျောင်းတွေမှာ Auditorium တွေနဲ့ ကျင့်သားရနေသူဆိုတော့.. အခုလို အားလုံး တပြေးညီ ထိုင်ရတာ.. ရှေ့ခုံနဲ့ နောက်ခုံ ကပ်နေတာ အတွက် နဲနဲတော့ အနှောက်အယှက်ဖြစ်မိတယ်။ အစားအသောက်ကျတော့လဲ ကော်ပြန့်လိပ် နဲ့ ကိပ်မုန့်လေးတခုပါဆိုတော့..........အေးလေး.. သူတို့က အမြတ်အတွက် လုပ်တာပဲလို့ပဲ ဖြေတွေး လိုက်မိပါတယ်။ သူငယ်ချင်းတယောက်ကတော့ "ငါတို့ကိုက အမှတ်မရှိတာတဲ့".. ..
အချိန်မရှိတဲ့ကြားက စာပေဟောပြောပွဲကို လာတာ.. တကယ်တော့ ရသအလင်းရဲ့ ကြော်ငြာတွေကို နားထောင်ချင်လို့မှ မဟုတ်ပဲ.. အဓိကကျတဲ့ ဆရာတွေရဲ့ ဟောပြောချက်ကို နားထောင်ချင်လို့ဆိုတော့ အစီအစဉ်ကြေငြာသူတွေရဲ့ ထပ်ခါထပ်ခါ ကြော်ငြာတွေကို စိတ်ပျက်မိတယ်။ အခမ်းအနားကြာချိန် ၆ နာရီ ရှိတယ်ဆိုရင်.. ဆရာတွေရဲ့ ဟောပြောချိန်က ၃ နာရီ မပြည့်ချင်တာကိုတော့ စိတ်ပျက်မိတယ်။
ခန်းမ တခုလုံး (A-X = 24 *10* 6) ခုံ ၁၅၀၀ ၀န်းကျင်စာလောက်ပြည့်နေတာကို တွေ့ပေမဲ့ အစီအစဉ် လုပ်သူ တွေက သူတို့ ရှုံးကြောင်း တဖွဖွ ညည်းသွားလေတော့ ဘာလို့ပါလိမ့်လို့ တွေးမိတယ်။
ခန်းမ တခုလုံး (A-X = 24 *10* 6) ခုံ ၁၅၀၀ ၀န်းကျင်စာလောက်ပြည့်နေတာကို တွေ့ပေမဲ့ အစီအစဉ် လုပ်သူ တွေက သူတို့ ရှုံးကြောင်း တဖွဖွ ညည်းသွားလေတော့ ဘာလို့ပါလိမ့်လို့ တွေးမိတယ်။
ထားပါလေ.....သူတို့ကအမြတ်ရဖို့.....မြန်မာပြည်က စာရေးဆရာတွေကို ခေါ်ပြီး စီးပွားရေးလုပ်ခဲ့တယ်.. ကိုယ်ကလဲ အဲဒီဆရာတွေရဲ့ ဟောပြောချက်ကိုမှ နားထောင်ချင်တော့ သွားခဲ့တယ်။ နောက်ကိုတော့ ဒီအဖွဲ့က လုပ်ရင် အတော် စဉ်းစားရမလို ဖြစ်နေတယ်။
မြန်မာပြည်က စာရေးဆရာ တွေရဲ့ ဟောပြောမှု ကို နားထောင်ရတိုင်း တို့မြန်မာတွေ တော်လိုက်တာလို့ ခံစားရတယ်.. အဲဒီထဲမှာ ဆရာ ဦးဝင်းဖေက ဒီခံစားချက်ကို ထပ်လို့ မြှင့်တင်ပေးသွားခဲ့တယ်။ ဆရာက ကိုယ် နားမလည်ခဲ့တဲ့ မော်ဒန် အနုပညာကို နားလည်အောင် ရှင်းပြသွားခဲ့တယ်။ ဘောင်တွေ စည်းမျဉ်းတွေကြားကနေ ဖြန့်ကျက်တွေးခေါ်ပုံကို ရှင်းပြခဲ့တယ်။ ကိုယ် ဆရာရှင်းပြတာကို အသေအချာ မရပေမဲ့.....သေချာတာတခုကတော့ ဆရာ့ကြောင့်ပဲပန်းချီကိုနားလည်ဖို့ ကြိုးစားချင်စိတ် ပေါ်လာမိတယ်။ ဘ၀မှာ စိတ်ဓါတ်မြင့်မားသူသာ အနုပညာကို ခံစားနိုင်တယ်ဆိုတာ ပို လက်ခံလာတယ်။
ကိုဂျင်မီက စကားပြောကောင်းသူ တယောက်ပါ။ ထောင်ထဲမှာ နှစ်များစွာ နေခဲ့ရသူဆိုတာ ကျိန်ပြောရမလို တက်တက်ကြွကြွ ရှိနေနိုင်တာကို အံ့သြတယ်။ အနာဂတ် မျိုးဆက်အတွက် ဘာပြင်ဆင်ထားသလဲ ဆိုတဲ့ မေးခွန်းအတွက် သူ့မှာ သမီးလေး ရှိကြောင်း ဟာသစွက် ပြောသွားတာလေးကို သဘောကျတယ်။ သူ့ကို ကြည့်ရင်းနဲ့ ဘယ်အရာကိုပဲ လုပ်လုပ်.. နောက်ကွယ်က ပံ့ပိုးသူက သိပ်အရေးကြီးပါလားလို့ တွေး မိ ခံစားမိတယ်။ သူ့ဟောပြောမှုကို နားထောင်ရင်းနဲ့ လူငယ်တယောက်မှာ.. အားအင်တွေ အများကြီး ရှိအောင် ဘယ်လို အရာတွေကများ ပံ့ပိုးခဲ့ပါလားလို့ တွေးမိပါတယ်။
နောက်ဆုံးဟောပြောသူကတော့ ကိုမင်းကိုနိုင်ပါ.သူ့မှာ.ဒဏ်ရာတွေ ရှိတယ်ဆိုတာကို ခံစားလို့ မြင်နိုင် တယ်၊ သူ့ကို ကြည့်ရင်း သူဟောပြောတာကို နားထောင်ရင်း ၀မ်းနည်း မျက်ရည်ဝဲ မိတယ်။ ထောင်ထဲမှာ သက်တမ်း တ၀က်လောက်နေခဲ့ရသူ. ဘာပညာကိုမှ လေ့လာခွင့် မရခဲ့သူတဦးအနေနဲ့ အပြင်ကို
ပြန်ရောက်လာတဲ့အခါ.. သူ့ကို မျှော်လင့်ထားတဲ့ လူထုရဲ့ မျှော်လင့်ချက်တွေနဲ့ သိပ်ကို စိတ်ပင်ပန်းနေရှာ တယ်လို့ ခံစားတွေးနေမိတယ်။
ကိုမင်းကိုနိုင်က ပညာတတ်တွေကို သတ္တိရှိဖို့.. တိုက်တွန်းသွားတယ်။ လူတယောက်က အသက်ကြီးလာတာနဲ့ အမျှ ပညာတတ်လာတာနဲ့ အမျှ ပိုကြောက်တတ်လာတာတော့ အမှန်ပဲ ထင်တယ်။ အမှားနဲ့ အမှန်ဟာ..........အလွှာပါးပါးလေးပဲ ခြားထားတယ်လို့ ခံစားသိသွားတဲ့အခါ. တဖက် ကို ရပ်ဖို့ ပိုလို့ တွေဝေလာတာလဲ အမှန်ပဲ။
တကယ်တော့......ကို မင်းကိုနိုင်ရဲ့ စာပေဟောပြောပွဲက လူငယ်အများစုကို သတ္တိရှိဖို့ တိုက်တွန်းသွားနိုင် ပါတယ်။ သူ့ကို နိုင်ငံရေး စင်မြင့်မှာပဲ မြင်ချင်ပါတယ်ဆိုပြီး စာပေ စင်မြင့်ပေါ်မှာ မြင်ရလို့ ဝေဖန်တဲ့ သူတို့ ရဲ့ သူငယ်ချင်း (သို့) တချိန်က လုပ်ဖော်ကိုင်ဖက်တွေကိုလဲ.. အကောင်းမြင်ပေးကြပါလို့ တောင်းဆိုချင် တယ်။ သူတို့က လုပ်နိုင်တဲ့ အခွင့်အလမ်းထဲက အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြချိန်မှာ.. ပြင်ပက ရှိသူတွေက ဟိုလို လုပ်.. ဒီလိုလုပ် ဝေဖန်နေကြတယ်။
တကယ်တော့......ကို မင်းကိုနိုင်ရဲ့ စာပေဟောပြောပွဲက လူငယ်အများစုကို သတ္တိရှိဖို့ တိုက်တွန်းသွားနိုင် ပါတယ်။ သူ့ကို နိုင်ငံရေး စင်မြင့်မှာပဲ မြင်ချင်ပါတယ်ဆိုပြီး စာပေ စင်မြင့်ပေါ်မှာ မြင်ရလို့ ဝေဖန်တဲ့ သူတို့ ရဲ့ သူငယ်ချင်း (သို့) တချိန်က လုပ်ဖော်ကိုင်ဖက်တွေကိုလဲ.. အကောင်းမြင်ပေးကြပါလို့ တောင်းဆိုချင် တယ်။ သူတို့က လုပ်နိုင်တဲ့ အခွင့်အလမ်းထဲက အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြချိန်မှာ.. ပြင်ပက ရှိသူတွေက ဟိုလို လုပ်.. ဒီလိုလုပ် ဝေဖန်နေကြတယ်။
သူသာ ကိုယ့်အကို.. ကိုယ့်ဦးလေး တယောက် ဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံရေးထဲမှာ
ဘ၀တခုလုံးကို ဆက်မနှစ်ထားပါနဲ့ တားမိမှာ အသေအချာပဲ။ လူတယောက်က
နိုင်ငံရေးသမား ဖြစ်နေမှ အစိုးရကို ဆန့်ကျင်မှ တိုင်းပြည်ကောင်းအောင်
တည်ဆောက်နိုင်မှာမှ မဟုတ်ပဲလေ။
ကိုမင်းကိုနိုင်မှာ ရိုးသားမှု ရှိတယ်.. ဒါကို သေချာ ခံစားမိတယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ ထာဝရ ရိုးဖြောင့်
နေလို့မှ မရပဲလေ။ ကိုမင်းကိုနိုင်အနေနဲ့.. နာကျင်မှုတွေကို ပြန်လည်ပေါင်းစည်းဖို့ဆိုတဲ့ ဆန္ဒတခုကို အခြေခံပြီး ခွင့်လွှတ်မျိုချနေရတယ်လို့ ခံစားရတယ်။ နိုင်ငံရေးဆန်တဲ့ စကားတွေကို ပြောနေမဲ့ အစား သူတို့ သူငယ်ချင်းတွေကြားမှာ ပွင့်လင်းတဲ့ စကားဝိုင်းတွေ ရှိစေချင်တယ်။
မတရားသော နည်းလမ်းနဲ့ ထောင်အချခံခဲ့ရတဲ့ လူငယ် တယောက်၊ တန်ဖိုး အရှိဆုံး အချိန်တွေ ကို
ထောင်ထဲမှာ အချိန်ဖြုန်းခဲ့ရတဲ့ လူငယ်တယောက် အနေနဲ့ သူတို့မှာ ဒဏ်ရာ တွေရှိတယ်. နာကျင်မှု ရှိတယ်။ ဆေးပညာ ရှုထောင့်က ကြည့်ရင်.. အချိန်မရွေး စိတ်ဓါတ်ကျ ရောဂါ ၀င်သွားနိုင်တဲ့.. သူတို့တွေရဲ့ အနေအထားကို နားလည် တတ်ကျွမ်းသူတွေအနေနဲ့ ဖေးမ ပေးကြဖို့ပဲ မျှော်လင့်မိတယ်။
No comments:
Post a Comment