Tuesday, January 1, 2013

နှစ်သစ် .......စိတ်သစ် .. လူသစ်

ဒီနေ့ဟာ ၂၀၁၃ ရဲ့ ပထမဆုံး နေ့သစ်တနေ့...........

၂၀၁၂ ဟာ ကိုယ့်ဘ၀အတွက် ပျော်စရာတွေ အများကြီးကို သယ်ဆောင်လာခဲ့တယ်။ အထူးသဖြင့် ပညာရေးနဲ့ ပတ်သတ်လို့.......ကိုယ်စိုက်ခဲ့တဲ့ သစ်ပင်တွေရဲ့ အသီးအပွင့်ကို ခူးဆွတ်ခံစားရတဲ့ အချိန်လဲ ဖြစ်တယ်။ ဘ၀နဲ့ ပတ်သတ်လို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တချို့ကိုလဲ ချဖြစ်ခဲ့တယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက် တခု ရှိသွားတဲ့ အခါ ဘ၀ဟာ ပိုပြီး နေလို့ ကောင်းတာလဲ အမှန်ပဲ။ အဓိကကျတဲ့ ပညာရေးမှာ တိုးတက်မှုတွေ ရသလို..အင်္ဂလိပ်စာနဲ့ ပတ်သတ်လို့လဲ ပိုပြီး လေ့လာဖြစ်တယ်။ Speech တွေကိုပဲ ပိုပြီး နားထောင်ဖြစ်တာတော့ အမှန်ပဲ။

လူမှုရေးနဲ့ ပတ်သတ်လို့တော့ ကိုယ့်ကိုယ်ကို သိပ်ပြီး စိတ်တိုင်းမကျတဲ့နှစ်လို့ ဆိုရမယ်ထင်တယ်။ သူငယ်ချင်း အချို့ကို ရင်ဘက်ထဲက ထုတ်လိုက်မိတယ်။  မိတ်ဆွေတွေနဲ့တော့ ဆက်ဆံရေး ပိုပြီးကောင်းမွန်တဲ့ နှစ်လို့ ပြောရမယ်ထင်တယ်။ အထူးသဖြင့် ဆရာတွေနဲ့ ဆက်ဆံရေး ကောင်းတယ်။ ပညာရေးပိုင်းက ဆရာအချို့နဲ့ မိတ်ဆွေဖြစ်ခွင့်ရသလို.. NTU က senior အချို့နဲ့လဲ နှုတ်ဆက် စကား ပြောဖြစ်လာတယ်။ အပေါင်းအသင်း မိတ်ဆွေအချို့တိုးလာပေမဲ့ အပေါ်ယံ ဆက်ဆံရေး တွေ များလာတယ်လို့ ခံစားရတဲ့ နှစ်လဲ ဖြစ်တယ်။
ဒါပေမဲ့ နှစ်သစ်ရဲ့ အဆုံးမှာ ကိုယ်နဲ့ ရင်ဘတ်ချင်း ရင်းနှီးတဲ့ သူငယ်ချင်းအချို့နဲ့ အဆက်အသွယ် ရခဲ့တာမို့ ၂၀၁၂ ဟာ ကိုယ့်အတွက် လူမှုရေး အရ အရှုံးမရှိတဲ့ နှစ်တနှစ် ဖြစ်သွားခဲ့တယ်။

စီးပွားရေးနဲ့ ပတ်သတ်လို့တော့ ကျေနပ်မှု ရတဲ့ နှစ်တနှစ်လို့ ဆိုရမှာပဲ။ အိတ်ထဲမှာ စုငွေတွေ အများကြီး ဖြစ်မလာပေမဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်သင့်တာတွေကို လုပ်ဖြစ်ခဲ့တယ်။ ပိုပြီး လုပ်ရဲကိုင်ရဲ လုပ်တတ်ကိုင်တတ် ဖြစ်လာတဲ့ နှစ်တနှစ်ပဲ. ကိုယ့်ဘ၀အတွက် အုတ်မြစ်တွေ စချဖြစ်တယ်လို့ ပြောရင်လဲ ရမယ် ထင်တယ်။

၂၀၁၃ ဟာ ကိုယ့်ဘ၀အတွက် အပြောင်းအလဲ တခုကို သယ်ဆောင်လာလိမ့်မယ်လို့ မျှော်လင့် ယုံကြည်တယ်။blog ကို ပုံမှန် ပြန်ရေးဖို့ ကြိုးစားရမယ်။ ရင်ထဲရှိသမျှ အတွေးတွေကို တွေဝေမှု မရှိပဲ ရေးနိုင်သူ ဖြစ်ချင်တယ်။

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~