သစ်ကိုင်း ပြုတ်ကျ လူတစ်ဦး သေဆုံး
Goodwood Hill ရှိ နံမည်ကြီး Pyramid Club တွင် အလုပ် လုပ်နေစဉ် မီတာ ၂၀ ကျော်ရှည်သော သစ်ကိုင်း ပြုတ်ကျသဖြင့် အသက် (၄၆) နှစ်ရှိ အလုပ်သမားတစ်ယောက် မနေ့က အသက်သေဆုံးသွားခဲ့သည်။ အတူ လုပ်ကိုင်နေသူ အလုပ်ဖော်က လှမ်အော် သတိပေးခဲ့သော်လည်း အချိန်မမီတော့ပဲ သစ်ကိုင်းကို မရှောင်နိုင်ပဲ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လေဆိပ်အသစ် ဆောက်လုပ်ခြင်း
မြန်မာအစိုးရသည် နေပြည်တော်တွင် လူဦးရေ ၁၀.၅ သန်းခန့်ဆန့်နိုင်သော လေဆိပ်ကို ယခုနှစ်ဇန်န၀ါရီ လ မှ စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်း ယနေ့ထုပ် မြန်မာ့သတင်းစာတွင် ကြေငြာသည်။ ယခု အသစ်ဆောက် လုပ်သော လေဆိပ်သည် ခေတ်မီ ဒီဇိုင်းများဖြင့် ဆောက်လုပ်ထားပြီး ခရီးသည်များ အလွယ်တကူသက်တောင့် သက်သာဖြင့် ၀င်ထွက်သွားလာနိုင်ကြောင်း ယနေ့ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
အာဆီယံ summit ကို ဇွန်လတွင် ပြန်လည်ကျင်းပရန် စီစဉ်
ထိုင်း ၀န်ကြီး အနေဖြင့် အာဆီယံ summit ကို ဇွန်လတွင် ပြည်လည်ကျင်းပနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားလိုက်သည်။ အာဆီယံ summit ကို ပြီးခဲ့သည့် ဧပြီလက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ရာ အစိုးရကို ဆန့်ကျင်သူများကြောင့် ဖျက်သိမ်းခဲ့ရသည်။ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော နိုင်ငံတကာ ၀န်ကြီးများကို ဟယ်လီကော်ပတာဖြင့် ပြန်ပို့ခဲ့ရသည့်အဖြစ်မှာထိုင်းအစိုးရအတွက် အရှက်ရဖွယ် ဖြစ်ခဲ့ရသည်။ ယခု အသစ်ပြည်လည်ကျင်းပမည့် အာဆီယံ summit ကို မြို့တော်နှင့်ပို၍ အလှမ်းဝေးသော ဖူးခက် ဒေသတွင် ကျင်းပရန် စီစဉ်ထားသည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်သည်။
No comments:
Post a Comment